ပါကစ္စတန်တွင် ပြန်ပေးဆွဲခံရသည့် တရုတ်ကျောင်းဆရာနှစ်ဦးကို အိုင်အက်စ်အဖွဲ့ သတ်ဖြတ်လိုက်ပြီဟုဆို


ပေကျင်း ဇွန် ၉

ပါကစ္စတန်နိုင်ငံတွင် ပြန်ပေးဆွဲခံရ သော တရုတ်ကျောင်းဆရာနှစ်ဦးကို သတ်ဖြတ်လိုက်ပြီ ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ကြေညာ ခြင်းကို တရုတ်နှင့် ပါကစ္စတန် တာဝန်ရှိသူများက စုံစမ်းစစ်ဆေး လျက်ရှိကြောင်း၊ ပါကစ္စတန် အာဏာပိုင်များထံမှ သတင်းအချက် အလက်များရရှိရန် တရုတ်အစိုးရက ကြိုးပမ်းနေကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချောင်းယင်က ဆင်ဟွာသတင်း ဌာနသို့ ယနေ့ပြောကြားသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး သေဆုံးသွားသူများ၏ ရုပ်အလောင်း များကို ရှာဖွေတွေ့ရှိခြင်းမရှိသေး ကြောင်း ပါကစ္စတန် လုံခြုံရေးအရာရှိ နှစ်ဦးက ပြောကြားကြသည်။

သတ်ဖြတ်ခံထားရသော အိုင်အက်စ် စစ်သွေြး<ွကအဖွဲ့ဝင် ၁၂ ဦး၏ ဓာတ်ပုံ များကို ပါကစ္စတန်တပ်မတော်က ထုတ်ပြန်ပြီး နာရီအတန်ကြာတွင် အိုင်အက်စ်အဖွဲ့က တရုတ်ကျောင်း ဆရာများကို သတ်ဖြတ်လိုက်ပြီဟု ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံ အနောက်တောင် ပိုင်း ဘလူချီစတန်ပြည်နယ်တွင် အိုင်အက်စ် စစ်သွေြး<ွကများက အခြေစိုက်စခန်း တည်ဆောက်ရန် ကြိုးပမ်းမှုကို ပါကစ္စတန်စစ်ဘက်က ယခုရက်သတ္တပတ်အတွင်း စစ်ဆင်ရေး တစ်ရပ်ဖြင့် ဖြိုခွင်းခဲ့ရာတွင် အိုင်အက်စ် စစ်သွေးကြွများ သေဆုံးခဲ့ရခြင်းဖြစ် သည်။ ဓားစာခံများနှင့် သက်ဆိုင်နေ သော သတင်းများကို မိမိတို့ရခဲ့ပြီး ၄င်းတို့အတွက် စိုးရိမ်သောကဖြစ်မိ ကြောင်း၊ ဖမ်းဆီးခံ ဓားစာခံများ လွတ်မြောက်ရေးအတွက် လွန်ခဲ့သည့် ရက်များအတွင်းက မိမိတို့ကြိုးပမ်း ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဓားစာခံအဖြစ် ပြန်ပေးဆွဲခံရသူ တရုတ်ကျောင်းဆရာ နှစ်ဦးမှာ ပုဂ္ဂလိကဘာသာစကားသင် ကျောင်း တစ်ကျောင်းမှဖြစ်သည်။ ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း ဘလူချီ စတန်ပြည်နယ် ကွက်တာမြို့တွင် မေ ၂၄ ရက်က ၄င်းတို့လိုက်ပါလာသော မော်တော်ယာဉ်တစ်စီးကို ရဲများ အသွင်ဝတ်ဆင်ထားသော သေနတ် သမားများက ရပ်တန့်စေကာ ပြန်ပေး ဆွဲခဲ့ခြင်းဖြစ်သည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်သော တရုတ်ကျောင်း ဆရာနှစ်ဦးကို သတ်ဖြတ်လိုက်ပြီ ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ဇွန် ၈ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့ သည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.