မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်အဆင့်(၁) သတ်မှတ်ထားသော မျောက်လေပွေ တစ်ကောင်ဖမ်းမိ


ရန်ကုန် ဇွန် ၁၈

မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ် အဆင့်(၁)သတ်မှတ် ထားသော မျောက်လေပွေ (Slow Loris-Asian)တစ်ကောင်ကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ ထမံသီ စံပြကျေးရွာ လယ်သမားတစ်ဦး က တွေ့ရှိဖမ်းမိရာ ထမံသီဘေးမဲ့ တော ရှေ့တန်းစခန်းသို့ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

လယ်သမားသည် ထမံသီ ကျေးရွာအောက်ပိုင်းရှိ မယင်း လယ်တောသို့ဆင်းရာမှ အဆိုပါ မျောက်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မျောက်၏အရှည်မှာ ၁၇ လက်မ ရှိကြောင်း သိရသည်။

ထိုမျောက်လေပွေကို ထမံသီ ဘေးမဲ့တောရှေ့တန်းစခန်းမှ ဝန် ထမ်းများနှင့် သားငှက်ထိန်းသိမ်း ရေးအဖွဲ့ တို့က အခြေအနေ စောင့်ကြည့်လေ့လာခြင်းနှင့် ထိန်း သိမ်းစောင့်ရှောက်ခြင်းတို့ ဆောင် ရွက်လျက်ရှိသည်။

လုံးဝမျိုးသုဉ်းပျောက်ကွယ် တော့မည့်အခြေအနေအစိုးရိမ်ရဆုံး အဆင့်တွင်ရှိနေသည့် အဆိုပါ မျောက်လေပွေသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက်သို့ တရားမဝင် ရောင်းဝယ်ဖောက်ကားနေသည့် တောရိုင်းတိရစ္ဆာန်များစာရင်းတွင် ပါဝင်ကြောင်း တောရိုင်းတိရစ္ဆာန် များ တရားမဝင်ရောင်းဝယ်မှု စောင့်ကြည့်ရေးအဖွဲ့(TRAFFIC)၏ သုတေသနပြုလေ့လာချက်များအရ သိရသည်။

မိုရာ
The Union Daily
https://www.facebook.com/uniondaily.net
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.