ဖားကန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်တချို့နှင့် လုံးခင်းကျေးရွာများတွင် ရေများဝင်ရောက်


ဖားကန့် ဇွန် ၁၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဇွန် ၁၇ ရက်က မိုးရေချိန် ငါးလက်ကျော်အထိ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၁၈ ရက်နံနက် အစောပိုင်းမှစတင်က ဥရုချောင်းရေလျှံပြီး ချောင်းဘေးရှိ ဖားကန့်အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေ၀င်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ရေများ တဖြည်းဖြည်းပြန်လည်ကျလာကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

``မိုးက ဇွန်၁၇ရက်က ညလုံးပေါက် အဆက်မပြတ်ရွာသွန်းပြီး ဥရုချောင်း ရေလျှံတာပါ။ ဖားကန့်မှာ မိုးရေချိန်၅လက်မကျော်အထိ ရွာသွန်းခဲ့တဲ့အတွက်ဒီနေ့ မနက်၃နာရီလောက်မှာ ဥတုချောင်းကနေတစ်ဆင့် မိုးရေရော၊ တောင်ကျရေရော ပေါင်းပြီးအခုလို ဖားကန့်မြို့ပေါ်ငါးရပ်ကွက်မှာအနိမ့်ပိုင်းရပ်ကွက်သုံးခုနဲ့လုံးခင်းကျေးရွာအုပ်စုတွေမှာ အဓိက ရေ၀င်ရောက်သွားတာဖြစ်ပါတယ်။ သို့သော်လည်း မွန်းလွဲ၁နာရီနောက်ပိုင်းကစပြီးတော့ ညနေပိုင်းအထိကို ရေကဆက်တိုက်ပြန်လည်ကျဆင်းလာခဲ့တယ်။ ဒီနှစ်မှာကျွန်တော်တို့အနေနဲ့ဥရုချောင်းရေစီးရေလာကောင်းအောင်လည်းလုပ်ထားတဲ့အတွက်သိပ်တော့စိုးရိမ်ရတာမျိုးမရှိပါဘူး ´´ ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ဆက်သွယ်ပြောကြားသည်။

အဆိုပါရေ၀င်ရောက်သည့် နေရာများသို့ နယ်မြေခံတပ်ဖွဲ့မှ တပ်မမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးဖွဲ့မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး သွားရေးလာရေး၊ အဆင်ပြေစေရန်၊ လမ်းပိတ်ဆို့မှုများ မဖြစ်ပွားစေရန်နှင့် တခြား နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေးမှအစ ရေပြန်ကျသွားချိန်တို့တွင် ပြည်သူများ၏ ကျန်းမာရေးနှင့် သက်ဆိုင် သည့်ကိစ္စများ စသည်လိုအပ်သည်များကို စီမံပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း-တင်မောင်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-ဖားကန့်ထွေ/အုပ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.