ဖားကန့်မြို့တွင် ကချင်စစ်ပွဲ ၆ နှစ်ပြည့် ဆုတောင်းပွဲအခမ်းအနား ဦးဆောင်ပြုလုပ်သည့် ကချင်အမျိုးသားနှစ်ဦး အား ပုဒ်မ ၁၉ ဖြင့် တရားစွဲခံရ


ဖားကန့်မြို့တွင် ကချင်စစ်ပွဲ ၆ နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား ဦးဆောင်ပြုလုပ်သည့် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးလမုန်လတောင် နှင့် ဒုဥက္ကဋ္ဌ ဦးလဒုန်ဆောင်ဘောင်တို့ နှစ်ဦးကို
ဇွန်လ ၁၉ ရက်က ဖားကန့်မြို့နယ် တရားရုံးမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားကြောင်း အဆိုပါအဖွဲ့မှ အတွင်ရေးမှူး ဦးနော်လာန်က The Lades News သို့ ပြောကြားသည်။


ဇွန်လ ၉ ရက်နေ့တွင် ဖားကန့်မြို့ရှိ မော်ဝမ်းနှစ်ခြင်း ခရစ်ယာန် အသင်းတော် ခန်းမတွင် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဦးဆောင်ကာ ကချင်းစစ်ပွဲ ၆ နှစ်ပြည့် ဆုတောင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီး ဖားကန့်မြို့ပေါ်ရှိ ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့များ အပါအ၀င် ဒေသခံ ၇၀၀ ကျော် တက်ရောက်ခဲ့ဟု ၄င်းက ပြောကြားသည်။

ဆုတောင်ပွဲ ပြုလုပ်မည့်အကြာင်းကို သက်ဆိုင်ရာသို့ တစ်ပတ်ကြိုကာ စာတင်ထားပြီး စီတန်းလှည့်လည်ခြင်း မပြုလုပ်သည့် အတွက် ယခုလို ငြိမ်း၊ စု၊ စီ ပုဒ်မဖြင့် တရာစွဲခြင်းကို နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ဦးနော်လာန်က ပြောကြားသည်။

“ဖားကန့်မြို့နယ် ရဲစခန်းမှူးက တရားစွဲဆိုထားကြောင်း အကြောင်းကြား စာကို ၁၇ ရက်နေ့က လာပေးတယ်။ မနေ့က တရားရုံးက ဆင့်ခေါ်တယ်။ တရားရုံးသွားတော့ ဒဏ်ငွေတွေ ဘာတွေနဲ့ မပြီးပဲနဲ့ အာမခံနဲ့ ကျွန်တော် တို့ ဥက္ကဋ္ဌနှစ်ဦးကို ပြန်ခေါ်ခဲ့ရတယ်။ တစ်ယောက်ကို ငါးသိန်းနဲ့ အားမခံပြီး ပြန်ခေါ်ခဲ့ရတယ်” ဟု ၄င်းက ပြောသည်။

ယင်းသို့ တရားစွဲဆိုခြင်း ကျေနပ်မှုမရှိသည့် အတွက် နောက်အပတ်ရုံးချိန်း ဇူလိုင်လ ၃ ရက်နေ့တွင် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အဖွဲ့ဝင် ၅၀၀ ကျော်က တိတ်ဆိတ်စွာ ဆန္ဒထုတ်ဖော်မည်ဟု
ဦးနော်လာန်က ဆက်လက်ပြောကြားသည်။

အလားတူပင် ဇွန်လ ၁၃ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ် မနောကွင်း ၌ ကချင်စစ်ပွဲ ၆ နှစ်ပြည် စုပေါင်း ဆုတောင်းပွဲ အခမ်းအနားကို ဦးဆောင် ကျင်ပခဲ့သည့် ကချင်အမျိုးသားသုံးဦးကို မြစ်ကြီးမြို့နယ် တရားရုံးက ပုဒ်မ ၁၉ ဖြင့် တရားစွဲပြီး ဒဏ်ငွေသုံးသောင်းကျပ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အောင်ရဲနောင်
The Ladies News
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.