ဘာရိန်း နှင့် ကာတာ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ရပ်စဲ




ကာတာနိုင်ငံအမျိုးသားနေ့ အခမ်းအနားတွင် နိုင်ငံတော်အလံအား စစ်ချီတပ်အလေးပြုနေသည်ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင်တွေ့ ရစဉ်(ဆင်ဟွာ)
    မနာမာ ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

    ဘာရိန်းနိုင်ငံက ၄င်းတို့ ၏ တည်ငြိမ်ရေး နှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကာတာနိုင်ငံ နှင့် သံတမန်ဆက်ဆံရေးကို ရပ်စဲလိုက်ပြီ ဖြစ်ကြောင်း ယနေ့ (ဇွန်လ ၅ ရက်)တွင် ထုတ်ဖော်ကြေညာလိုက်ကြောင်း ဘာရိန်းသတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

သတင်းဌာနများက ဖော်ပြသည့် ထုတ်ပြန်ချက်ထဲတွင် ဘာရိန်း နိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များတွင် ကာတာနိုင်ငံက ဝင်ရောက်စွက်ဖက်နေကြောင်း ၊ ၄င်းတို့ နိုင်ငံအားဆန့် ကျင်သည့် အနုတ်လက္ခဏာဆောင်သည့် သတင်းများကို ဖော်ပြနေကြောင်း ၊ နိုင်ငံအတွင်းပဋိပက္ခများ နှင့် အီရန်နိုင်ငံက ငွေကြေးထောက်ပံ့မှုပြုလုပ်ထားသည့် အကြမ်းဖက်ဝါဒီများအပါအဝင် အကြမ်းဖက်သမားများ နှင့် လက်နက်ကိုင်အုပ်စုများကို ထောက်ခံအားပေးနေကြောင်း  ဖော်ပြထားသည်။

ကာတာနိုင်ငံသို့ ရောက်ရှိနေသော ဘာရိန်းသံတမန်များကို ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ထားကြောင်း နှင့် ဘာရိန်းနိုင်ငံအတွင်းရှိ ကာတာသံတမန်များကိုလည်း နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်းထွက်ခွာသွားရန် အမိန့် ပေးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါကြေညာချက်ထုတ်ပြန်ပြီး ၂၄ နာရီအတွင်း ဘာရိန်းနိုင်ငံသည် ကာတာနိုင်ငံနှင့်ဆက်သွယ်ထားသော လေကြောင်း ၊ ရေကြောင်း ဆက်သွယ်မှုအားလုံးကို ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာ ဘာရိန်းနိုင်ငံအတွင်းရောက်ရှိနေသော ကာတာနိုင်ငံသားများကို ၁၄ ရက်အတွင်း နိုင်ငံမှ ထွက်ခွာသွားရန် အမိန့် ပေးထားသလို ကာတာနိုင်ငံကလည်း ၄င်းတို့ နိုင်ငံသို့  ဘာရိန်းနိုင်ငံသားများ ဝင်ရောက်ခွင့်ကို တားမြစ်လိုက်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.