အင်းစိန်အကျဉ်းထောင်တွင်း ကျောင်းတွင် မူလတန်းနှင့်အလယ်တန်း တန်းခွဲများကို ဖွင့်လှစ်မည်


ရန်ကုန် ဇွန် ၂၁

အင်းစိန်ထောင်အတွင်း၌ အကျဉ်းကျခံနေရသူ လူငယ်အကျဉ်း သားများ အခြေခံပညာသင်ကြား နိုင်ရန်အတွက် အင်းစိန်ဗဟို အကျဉ်းထောင် (သီးသန့်ဆောင်) တွင် ဖွင့်လှစ်ထားသော အမှတ် (၁၃)အခြေခံပညာအလယ်တန်း ကျောင်းခွဲတွင် မူလတန်းနှင့်အလယ် တန်းတန်းခွဲများကို ဇူလိုင်လဆန်း ပိုင်းတွင် ဖွင့်လှစ်ရန်စီစဉ်ထားပြီး ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။

လက်ရှိအဆိုပါကျောင်းတွင် GRADE 9 တွင် အကျဉ်းသား ငါးဦး၊ GRADE 10 တွင်အကျဉ်း သား ၁၁ ဦး၊ တက္ကသိုလ်ဝင်တန်း GRADE 11 တွင် အကျဉ်းသား ၃၃ ဦးကို ပညာသင်ကြားပေး လျက်ရှိကြောင်း သိရသည်။

ယခုလ ၁၇ ရက်နေ့က အောင် စာရင်းထွက်ရှိခဲ့သော ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် အဆိုပါ အင်းစိန်ထောင်အတွင်း ဖွင့်လှစ်လျက် ရှိသောစာစစ်ဌာနမှ တက္ကသိုလ် ဝင်တန်းကို အကျဉ်းသား ၂၈ ယောက်ဖြေဆိုပြီး ကိုးဦးအောင် မြင်ကာ ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ်အကျဉ်းကျခံနေရသော မောင်ရဲထွဋ်အောင်က ဘောဂဗေဒ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ ကြောင်း သိရသည်။

အောင်ပြည့်မျိုး
The Union Daily
https://www.facebook.com/uniondaily.net/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.