မီဇီုရမ်တွင် ရေကြီး မြေပြိုမှုကြောင့် လူအသေအပျောက်ရှိပြီး နေအိမ်အများအပြား ပျက်စီး

ခိုနူမ်းသုန်သတင်း၊ ၁၅ ဇွန် ၂၀၁၇ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်အတွင်း နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြု...


ခိုနူမ်းသုန်သတင်း၊ ၁၅ ဇွန် ၂၀၁၇

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်အတွင်း နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြို၊ တောင်ပြိုမှုများ ဖြစ်ပွားကာ လူအသေအပျောက် ၁၀ ဦးရှိပြီး နေအိမ်အများအပြား ပြိုကျပျက်စီးခဲ့သည်ဟု သိရသည်။

အဆိုပါကြောင့် ထိခိုက်ပျက်စီးမှုအဆိုးဆုံးမှာ မီဇိုရမ်ပြည်နယ် Lunglei မြို့နယ် Tlabung ခရိုင် ဖြစ်ပြီး Tlabung ဒေသရှိ Marpara “S”၊ Changpui နှင့် Phairuangkai ကျေးရွာများတွင် မြေပြိုမှုကြောင့် လူ ၁၀ ပျောက်ဆုံးသွားပြီး အလောင်း ၃ လောင်းသာတွေ့ရှိသေပြီး ကျန် ၇ ဦးမှာ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း မီဇိုရမ်ဒေသထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

မီဇီုရမ် Disaster Management & Rehabilitation (DMR) department ၏ ဇွန်လ ၁၃ ရက်ညနေအထိ မှတ်တမ်းပြုစုထားချက် အရ Tlabung ခရိုင် အတွင်း ရေကြီးမှုကြောင့် အိမ်ခြေ ၃၅၀ ကျော် နှင့် Tlabung ကျေးရွာတွင် အိမ်ခြေ ၁၂၁ အိမ် ပျက်စီးသွားကြောင်း သိရသည်။

ပျက်စီးသွားသည့်အဆောက်အဦးများမှာ လူနေအိမ်များအပြင် ဘုရားကျောင်း၊ ကျောင်းဆောင်၊ Indoor Stadium, ICDS centre နှင့် အားကစားကွင်းများလည်း ပါဝင်ကြောင်းသိရသည်။

ယင်းရေကြီးမှုကြောင့် လုံခြုံသည့်နေရာသို့ ပြောင်းရွေ့ခဲ့ရသည့် မိသားစု ၁၃၈ ရှိနေပြီဖြစ်ကြောင်း သိရပြီး ၄င်းကျေးရွာများအပြင် Tlabung Sub-Division ဒေသအတွင်း တည်ရှိသော Serhuan, Tippereghat, Nunsury-II, Silkur, Tuichawng, Balukiasuri, Lamthai, Malsuri, Diblibagh နှင့် Kalapani ကျေးရွာတို့တွင်လည်း မိသားစု ၁၅၀၀ ကျော်မှ ယင်းရေကြီးမှုဒဏ်ကို ခံစားကြောင်း Vanglaini သတင်းစာတွင် ဖော်ပြသည်။

ယခုကဲ့သို့ နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် မီဇိုရမ်ပြည်နယ်ရှိ Tlawng မြစ်ရေတက်လာပြီး အိမ်ခြေ ၁၅ အိမ် ပျက်စီးကာ မိသားစု ၅၂ စုကို လုံခြုံရာသို့ ပြောင်းရွေ့ခဲ့ရသည်။ ယခုကဲ့သို့ Tlawng မြစ်ရေကြီးမှုသည် လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း အကြီးမားဆုံးဖြစ်မည်ဟုလည်း ဒေသခံများက ပြောသည်။

မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်တွင်လည်း မြေပြိုမှုကြောင့် နေအိမ် ၆ အိမ်ခန့် မိမိလုံခြုံရေးအတွက် နေအိမ်များ စွန့်ခွာပြီး ပြောင်းရွေ့သူ အိမ်ခြေ ၁၀၀ ခန့် ရှိနေပြီဖြစ်ကြောင်းနဲ့ အများစုမှာ Sairang ရပ်ကွက်ဖြစ်ကြောင်း သိရသည်။ ယင်းပျက်စီးမှု များကြောင့် မြို့ချင်းဆက်၊ ရွာချင်းဆက် ကားလမ်းများလည်း ပိတ်ဆို့ကာ သွားရေးလာရေးကအစ အတော်လေး ခက်ခဲမှုများ ကြုံတွေ့နေရကြကြောင်း သိရသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese/

COMMENTS

Name

art,1,article,1278,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6394,interview,206,Live,8,LocalNews,14057,news,2842,opinion,749,photos,202,poem,114,satires,38,song,12,speech,11,sports,126,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: မီဇီုရမ်တွင် ရေကြီး မြေပြိုမှုကြောင့် လူအသေအပျောက်ရှိပြီး နေအိမ်အများအပြား ပျက်စီး
မီဇီုရမ်တွင် ရေကြီး မြေပြိုမှုကြောင့် လူအသေအပျောက်ရှိပြီး နေအိမ်အများအပြား ပျက်စီး
https://4.bp.blogspot.com/-26CrnHB3iVc/WUH6eeN35bI/AAAAAAABN4s/Q8Gqvj6-_MoZufVAYQhMg5KAfJ__UngiwCLcBGAs/s400/1.jpg
https://4.bp.blogspot.com/-26CrnHB3iVc/WUH6eeN35bI/AAAAAAABN4s/Q8Gqvj6-_MoZufVAYQhMg5KAfJ__UngiwCLcBGAs/s72-c/1.jpg
dawnmanhon
http://www.dawnmanhon.com/2017/06/blog-post_651.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/06/blog-post_651.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy