ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရပြီး ၁၀ ရက်ကျော်အကြာတွင် အောင်ဝင်းခိုင် နေပြည်တော်ရှိ ကုမ္ပဏီရုံးခန်းတစ်ခုသို့ ရောက်ရှိနေခဲ့


ဇန်န၀ါရီလ ၂၉ ရက်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရပြီး ၁၀ ရက်ကျော်အကြာ ဖေဖေါ်ဝါရီလ ၁၀ ရက် ၀န်းကျင်တွင် တရားခံပြေး အောင်းဝင်းခိုင် နေပြည်တော်ရှိ ကုမ္ပဏီ ရုံးခန်းတေစ်ခုသို့ ရောက်ရှိနေကြောင်း ဦးကိုနီ၏ တရားလိုရှေ့နေ ဦးနေလ က ပြောကြားသည်။

ဇွန်လ ၉ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရာရုံး၌ ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံရသည့် အမှု ၁၀ ကြိမ်မြောက် ရုံးချိန်းအပြီးတွင် ဦးနေလက သတင်းမီဒီယာများကို ပြောကြားခြင်း ဖြစ်သည်။

“ဒီနေ့ တရားခံပြေးအမှုနဲ့ ပတ်သတ်ပြီးတော့ နိုင်ငံတော်အတွက် လိုက်ပါဆောင်ရွက်တဲ့ ဥပဒေရုံးကနေပြီးတော့ ဥပဒေအရာရှိတွေက နေပြီးတော့ သက်သေ မင်နီသက်သေ ခေါ်တာပေါ့။ စုံးစမ်းရှာဖွေတဲ့ မင်နီ သက်သေ ခြောက်ဦး တင်သွင်းတယ်ပေါ့။ ခြောက်ယောက် စာရင်း တင်သွင်တဲ့အခါမှာ ရှာဖွေသက်သေ အပြင်မှာ သာမန်ရဲတပ်ကြပ် နှစ်ယောက်ရယ်၊ ဒုရဲမှူး ဦးဌေးအောင်၊ ရဲမှူး ဦးသန်းမြင့်ဇော် ၊ အဲဒီလူသုံးယောက်ကို အဓိကအားဖြင့် စစ်ဆေး ရတာပေါ့၊ စစ်ဆေးတဲ့ အခါမှာ အဓိကအားဖြင့် သူတို့ နောက်ပိုင်းမှာ ရှာဖွေတဲ့အပိုင်းတွေ ရှေ့ပိုင်းမှာ ရှာဖွေတဲ့အပိုင်းတွေ အားလုံးကို ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက် ချက်တွေ အားလုံးကို ထွက်ဆိုခဲ့တယ်” ဟု ၄င်းကပြောကြားသည်။

ထွက်ဆိုချက်များနှင့် ပတ်သတ်ပြီး ဦးနေလက ဆက်လက်ပြောကြား ရာတွင် “ထွက်ဆိုခဲ့တဲ့ အခါကျတော့ ဒီနေ့မှာ ထူးခြားချက်တစ်ခုက ဘာသွားတွေ့လဲဆိုတော့ ရှာဖွေသက်သေထဲမှာ ပါတဲ့ ဦးမြင့်ခိုင်၊ သူရဲ့ထွက်ဆိုချက်အရ နေပြည်တော်ရဲ့ ကုမ္ပဏီရုံးတစ်ရုံးမှာ ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ပတ်ဝန်းကျင်လောက်မှာ အောင်ဝင်းခိုင် သူတို့ ကုမ္ပဏီရုံးခန်းကို လာရောက်သွားတယ်ဆိုတဲ့ အကြောင်းကို သိရတယ်။ သူတို့ သွားရောက်ရှာဖွေခြင်း မပြုမီ နှစ်ရက်လောက် အလိုမှာ နေပြည်တော်မှာ ရှိနေတယ်ဆိုတဲ့ အခြေအနေမျိုး ပုံပေါက်တယ်။ ဆိုလိုတဲ့ သဘောထားကတော့ အမှုအခင်း ဖြစ်ပွားပြီးတော့ ဖေဖေါ်ဝါရီလ လဆန်းပိုင်းမှာ အောင်ဝင်းခိုင်ဟာ နေပြည်တော်မှာ ရှိနေတယ်ဆိုတဲ့ အချက်ကိုတော့ တွေ့ရတယ်။ အဲတော့ ဒီဟာနဲ့ ပတ်သတ်ပြီးတော့ ရှာဖွေးဖမ်းဆီးလို့တော့ မရသေးဘူး။ နေပြည်တော်မှာ အဲအချိန်ကာလအထိ ရှိခဲ့တယ်ဆိုတဲ့ အပိုင်းကို အစတစ်စအနေနဲ့ ဆွဲထုတ်နိုင်ခဲ့တာကို တွေ့ရတယ်” ဟု ၄င်းကပြောကြားသည်။

တရားရုံး၏ အမိန့်အရ ပရဆေးဥယျာဉ်အနီးတွင် ပျောက်ဆုံးသွားသော တရားခံပြေး အောင်ဝင်းခိုင်အား မေလ ၃၀ ရက်နေ့မှ ရှာဖွေခဲ့သည့် အတွက် မရှိနိုင်တော့သည့် အချိန်တွင် သွားရောက်ရှာဖွေသည့် သဘောမျိုး တွေ့ရသည်ဟု ဦးနေလက ပြောကြားသည်။

ယနေ ၁၀ ကြိမ်မြောက်ရုံးချိန်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ တရားခံပြေး အောင်ဝင်းခိုင် ရှာဖွေဖမ်းဆီးခြင်း ကိစ္စနှင့် ပတ်သတ်ပြီး စစ်ဆေးခဲ့သော မင်နီသက်သေ (ရှာဖွသက်သေ) များမှာ နေပြည်တော် မှုခင်းတပ်ဖွဲ့မှ ဒုရဲမှူးဌေးအောင်၊ ဇဗ္ဗူသီရိမြို့နယ်မှ အပိုင်းနယ်ထိန်း ရဲတပ်ကြပ်လှဌေး၊ ဒုတပ်ကြပ်ကျော်ဇော်ဝင်း၊ ဇေယျာသိဓ္ဒိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မြ၊ ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ နေပြည်တော် မှုခင်းတပ်ဖွဲ့ မှုခင်းကြီးကြပ်ရေးဌာနခွဲ တရားစွဲဌာနမှ ဌာနစုမှူး ရဲမှူးသန်းမြင့်ဇော်တို့အား စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြောက် ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က ပြောကြားသည်။

Photo / News - အောင်ရဲနောင်
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.