ကာတာနဲ့ အိမ်နီးချင်းနိုင်ငံတွေ အဆင်မပြေမှု လေကြောင်းခရီးစဉ်တွေ ထိခိုက်လာနိုင်



အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ပြတ်တောက်မှုကြောင့် ကာတာလေကြောင်းကုမ္ပဏီကို အကြီးအကျယ် ထိခိုက်လာနိုင်
ကာတာနိုင်ငံနဲ့ အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေအကြား ဆက်ဆံရေး အကြီးအကျယ် မပြေမလည်ဖြစ်မှုကြောင့် ဒေသတွင်း လေကြောင်း သွားလာမှုခရီးစဉ်တွေ အနှောင့်အယှက် ဖြစ်လာနိုင်မယ် ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

ကာတာနိုင်ငံဟာ IS အစ္စလာမစ်နိုင်ငံ လက်နက်ကိုင်တွေ အပါအဝင် ဂျီဟာ့ဒ် အုပ်စုတွေကို ထောက်ခံအားပေးနေတယ် ဆိုပြီး ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ နိုင်ငံ၊ အီဂျစ်နဲ့ တခြားနိုင်ငံတွေက ကာတာနိုင်ငံနဲ့ ဆက်ဆံရေးတွေ ဖြတ်တောက်လိုက်ကြပါတယ်။

ကာတာအစိုးရကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေက လေကြောင်းကုမ္ပဏီတွေက ကာတာနိုင်ငံ ဒိုဟာမြို့ကို သူတို့လေယာဉ်တွေ ပျံသန်းတော့မှာ မဟုတ်ပဲ ကာတာနိုင်ငံရဲ့ ကမ္ဘာ့ခရီးသည်တင် ဧရာမ လေကြောင်း ကုမ္ပဏီကြီး ဖြစ်တဲ့ ကာတာ လေကြောင်းပိုင် လေယာဉ်တွေကိုလည်း ဆော်ဒီ အာရေဗျ လေကြောင်းပိုင်နက်ထဲ ဖြတ်သန်း ပြေးဆွဲခွင့် ပိတ်ပင်လိုက်ပါတယ်။

တခါ ကာတာနိုင်ငံနဲ့ ကပ်ရက် ဆော်ဒီအာရေဗျနိုင်ငံရဲ့ နယ်စပ်တွေကိုလည်း ဆော်ဒီ အစိုးရက ပိတ်လိုက်တဲ့အတွက် အဲဒီမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.