ဘတ်စ်ကားမှတ်တိုင်မှ ​ကောက်​ရထားသည့်​ ငွေ ၁၇ သိန်းခွဲပါ စာအိတ်များကို ပိုင်​ရှင်​ထံ ပြန်လည်ပေးအပ်



ဗဟန်းမြို့နယ်​ ဦးချစ်မောင်လမ်း (လမ်းဆုံမှတ်တိုင်) မှ ကောက်​ရထားသည့်​ ​ငွေ ၁၇ သိန်းခွဲပါ စာအိတ်များ၏ပိုင်​ရှင်​ကို စုံစမ်းသိရှိရသည့်အတွက်​ ဇွန်​လ ၂၃ ရက်​​နေ့တွင်​ ပြန်​လည်​​ပေးအပ်​လိုက်​ပြီဖြစ်​​ကြောင်း ဗဟန်းမြို့နယ် ဆရာစံတောင်(စံပြ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းက ပြောသည်။

"ငွေသားက အားလုံး ၁၇သိန်းခွဲပါ။ ​ပိုင်​ရှင်​ကို ပြန်​ပြီးပေးလိုက်​ပါပြီ"ဟု ၄င်းက​ပြောသည်​။

ယင်းငွေသားများ၏ပိုင်​ရှင်​မှာ အသက်​ ၆၀ ​ကျော်​အရွယ်​ အမျိုးသမီးဖြစ်​ပြီး ဇွန်​လ ၂၂ ရက်​​ နံနက်​က အဆိုပါမှတ်တိုင်တွင် မေ့ကျန်ခဲ့ခြင်းဖြစ်​သည်​။

"သူက အဲဒီမှတ်​တိုင်​နားကို တက္ကစီနဲ့ ​ရောက်​လာတာ။ မော်​လမြိုင်​ကိုသွားမဲ့ မန္တလာမင်းကားကို လာ​စောင့်​တာ​ပေါ့။ မန္တလာမင်းကားက အဲဒီမှတ်​တိုင်​မှာမရပ်တော့ ကားရပ်​တဲ့​နေရာကိုသွားရင်းနဲ့ ခြင်း​တောင်း ကျန်​ခဲ့တာ​ပေါ့။ အဲဒီစာအိတ်တွေကလည်း ​မော်​လမြိုင်​က ​ဆွေမျိုး​တွေကို ဥပုသ်​လ လှူဖို့ယူသွားတဲ့​ (ဇကာ့ဒ်​) ငွေတွေပါ။ အဲဒီမှတ်​တိုင်​မှာ YBS ၆၄ ကားကလည်းရပ်​၊​​ ဈေးသည်​​တွေကလည်းဆင်းကြတယ်​၊ ပစ္စည်းအတင်​အချလုပ်​ခဲ့တာဆို​တော့ ​တွေ့တဲ့သူ​တွေက ကျွန်​​တော့်​ဆီလာအပ်​ခဲ့တာပါ''ဟု ဦး​မောင်​​မောင်​ထွန်းက​ပြောသည်​။

ခြင်းတောင်းတခုအတွင်းထည့်ထားသော ငွေသားပါ စာအိတ်များကို ဇွန် ၂၂ မနက် ၆ နာရီ ၄၅ မိနစ်အချိန်က ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်း (လမ်းဆုံမှတ်တိုင်)မှ​ ကောက်​ရထားကြောင်း၊ ပိုင်ရှင်မှခိုင်လုံသောအထောက်အထားများဖြင့် လာရောက်ရွေးယူရန် ဖိတ်​​ခေါ်ထားသည့်​သတင်းကို News Watch ​ဖေ့စ်ဘုတ်စာမျက်​နှာမှတဆင့် ဖတ်​ရူရသည့်​အတွက်​ ပိုင်​ရှင်​၏ဆွေမျိုးများမှ ၄င်းထံဆက်​သွယ်​ခဲ့ခြင်းဖြစ်​​ကြောင်း ဦး​မောင်​​မောင်​ထွန်းက​ ပြောသည်​။

ယင်းသို့ ဆက်​သွယ်​လာသည့်​အတွက်​ ကာယကံရှင်​နှင့်​အတူ ​ဆွေးမျိုးများအား ဆရာစံတောင်(စံပြ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ဖိတ်​​ခေါ်၍ ပိုင်​ရှင်​အစစ်​အမှန် ဟုတ်​မဟုတ်​ ခိုင်​လုံသည့်​အ​ထောက်​အထားရရှိ​ရေး​ ဆောင်​ရွက်​ခဲ့သည်​ဟုဆိုသည်​။

ပိုင်​ရှင်​ဖြစ်​သူမှ ခြင်း​တောင်းအတွင်းပါရှိ​သော အဝတ်​အစားအ​ရေအတွက်​၊ ပုဝါအ​ရောင်​၊ အနီ​ရောင်​ဓာတ်​မီးတလက်​၊ ဆီးချိုဆေးအစရှိသည့် ပစ္စည်းစာရင်းကို မှန်​ကန်​စွာ​ပြောဆိုနိုင်​ပြီး စာအိတ်​ ၂၀ ​ကျော်​အနက်​ စာအိတ်​ ၁၈ ခုအ​ပေါ်တွင်​​ရေးသားထား​သော လိပ်​စာနှင့် အမည်​များကိုလည်း မှန်​ကန်​စွာ ​ပြောဆိုနိုင်​ခဲ့​ကြောင်း၊ ​ငွေသားပမာဏကိုလည်း ၁၇သိန်း နှင့်​ ၁၉သိန်းကြားဟု အနီးစပ်​ဆုံး​ပြောဆိုနိုင်​သဖြင့် ပိုင်​ရှင်​အစစ်​အမှန်​ဖြစ်​​ကြောင်း ခိုင်​လုံသည့်အတွက် ပြန်​လည်​ပေးအပ်​ခဲ့ခြင်းဖြစ်​​ကြောင်း ၄င်းက ပြောသည်​။

"ဒီခြင်းတောင်းကိုတွေ့ရှိပြီး ကျွန်တော်ဆီလာအပ်တဲ့ လင်မယားစုံတွဲကို ပိုင်​ရှင်​က ​ငွေကျပ်​ ၄ သိန်း ပြန်​ပြီးဂုဏ်​ပြုတယ်​။ ကျွန်​​တော်​တို့ရုံးကလည်း အဲဒီစုံတွဲကို ပုဆိုးတကွင်းဂုဏ်​ပြုပြီး​တော့ မှတ်​တမ်းတင်​ထားပါတယ်​"ဟု ဦး​မောင်​​မောင်​ထွန်းက​ပြောသည်​။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.