သပိတ်ကျင်းနဲ့ စဥ့်ကူးက ရွှေလုပ် ကွက်တွေကို လွှတ်တော်ကော်မတီ စစ်ဆေး


ရွှေတူးဖော်မှုတွေကြောင့် မိုင်းနောင်ရွာလယ်ကနေ ဖြတ်စီးပြီး အင်းတော်ကြီးကန်ထဲ စီးဝင်တဲ့ ခေါင်းတုံးချောင်းရေ ညစ်ညမ်းနေတာကို ၂၀၁၅ ခုနှစ် သြဂုတ်လက တွေ့ရစဉ်
ရွှေတူးဖော်မှုတွေကြောင့် မိုင်းနောင်ရွာလယ်ကနေ ဖြတ်စီးပြီး အင်းတော်ကြီးကန်ထဲ စီးဝင်တဲ့ ခေါင်းတုံးချောင်းရေ ညစ်ညမ်းနေတာကို ၂၀၁၅ ခုနှစ် သြဂုတ်လက တွေ့ရစဉ်
Photo: Kyaw Myo Min/RFA
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းနဲ့ စဥ့်ကူးမြို့နယ်တွေက ရွှေတူးဖော်ရေးလုပ်ငန်းတွေက စွန့်ပစ်တဲ့မြေစာ ပုံတွေကြောင့် ရေအရင်းအမြစ်တွေ ပျက်စီးနေပြီး အနီးအနားကျေးရွာတွေမှာ နေထိုင်သူတွေ အတွက် သောက်သုံးရေ အခက်အခဲတွေရှိနေကြာင်း ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက် စစ်ဆေးခဲ့တဲ့ အမျိုးသား လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးကျော်သီဟ က ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာနဲ့ စဥ့်ကိုင်မြို့နယ်၊ ၀ါးဘိုးကျေးရွာတွေက ရွှေလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ တိုင်ကြားချက်ကြောင့် သွားရောက်စစ်ဆေးခဲ့တဲ့ ကော်မတီဥက္ကဌ ဦးကျော်သီဟ က အခုလိုပြောပါတယ်။

" စဥ့်ကူးဘက်မှာကျတော့ ၀ါးဘိုး၊ သပိတ်ကျင်းဘက်က ရေထွက်ပေါ့၊ အဲလိုရွာတွေက သဘာဝပတ်ဝန်းကျင်က လူတွေနေဖို့အတွက်ရော၊ သူတို့သောက်ရေသုံးရေအတွက်ရော အကုန်လုံး အခက်အခဲဖြစ်နေပါတယ်ဆိုတဲ့ အကြောင်းအရာကို လှမ်းပြီးတော့မှ တောင်းတော့ လွှတ်တော်ဥက္ကဌ ကလည်း ကိုယ်တိုင် သွားကြည့်ပါတဲ့ ပြောတယ်၊ ရွာသားတွေကိုယ်တိုင်ကလိုက်ပြပေးတာပေါ့၊ ဘယ်နေရာမှာတော့ မြေစာပုံတွေ ပုံတယ်၊ ဘယ်နေရာမှာတော့ သူတို့လုပ်ထားပြီးတော့မှ တံတားတွေက ရေလမ်းကြောင်းတွေပိတ်ကုန် တယ်၊ မြေစာပုံတွေကြောင့် ရေစီးရေလာလည်း မကောင်းတော့ဘူး၊ ကျင်းတွေတူးထားပြီးတော့မှ ကုမ္ပဏီတွေက ပြန်မပိတ်ပဲနဲ့ထားတော့ ကျွဲ နွား တိရစ္ဆာန်တွေရော လူတွေရော အကုန်ဒုက္ခရောက်မှာဆိုတော့ သူတို့ ပြောကြားချက် တွေကို အကုန်လိုက်ကြည့်တော့ ဟုတ်တယ်၊ ဟုတ်နေတယ်"

အဲဒီဒေသတွေမှာ ရွှေတူးဖော်ရေးလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ အများအပြားရှိနေပြီး စွန့်ပစ်မြေစာလို့ ခေါ် တဲ့ ကျောက်တွေကို စနစ်တကျစွန့်ပစ်မှုမရှိကြောင်း၊ လူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ သုံးပြီး ရွှေတူးဖော်တာတွေကို တွေ့ရှိခဲ့ရတယ်လို့လည်း ပြောပါတယ်။

ကွင်းဆင်းစစ်ဆေးတဲ့အခါမှာလည်း သက်ဆိုင်ရာ ရွှေတူးဖော်ရေးကုမ္ပဏီတွေ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ပြီး ပြုပြင်စရာရှိ တာတွေ ပြန်လည်ပြုပြင်ဆောင် ရွက်ပေးဖို့ ညှိနှိုင်းပေးခဲ့သလို တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာကို အမျိုးသားလွှတ်တော်မှာ အမြန်ဆုံးတင်နိုင်အောင် ဆောင်ရွက်သွား မှာဖြစ်တယ်လို့လည်း ပြော ပါတယ်။

သွားရောက်စစ်ဆေးရာမှာ အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် ၆ ဦး၊ မန္တလေးတိုင်းအစိုးရအဖွဲ့၊ သတ္တုတွင်းဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကလည်း ပါဝင်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.