ကာတာ နိုင်ငံဟာ အကြမ်းဖက်မှုကို အထောက်အပံ့ပြုနေတယ်လို့ ထရမ့် စွပ်စွဲ



 ဆော်ဒီနဲ့ တခြားပင်လယ်ကွေ့ နိုင်ငံ
အမေရိကန် သမ္မတ ထရမ့်က ကာတာ နိုင်ငံဟာ အကြမ်းဖက်မှုကို အထောက်အပံ့ပြုနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

တခြား နိုင်ငံတွေကိုလည်း ဒေသတွင်းမှာ အမုန်းမပွားဖို့ နဲ့ အကြမ်းဖက်မှုတွေကို အထောက်အကူဖြစ်စေတဲ့ အတွေးအခေါ်တွေ ရပ်ဖို့ မစ္စတာ ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

ကာတာဟာ အကြမ်းဖက်မှုကို ထောက်ပံ့နေတယ်လို့ စွပ်စွဲပြောဆိုပြီး ပိတ်ဆို့မှု လုပ်ခဲ့တဲ့ ဆော်ဒီနဲ့ တခြားပင်လယ်ကွေ့ နိုင်ငံတွေကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ရက်ဒ် တေလာဆင်က ဖြေလျော့ပေးဖို့ တိုက်တွန်းခဲ့ပြီးတဲ့နောက် အခုလို သမ္မတ ထရမ့်ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲလို ပိတ်ဆို့မှုကြောင့် ရိက္ခာ ပြတ်တောက်မှုတွေ ဖြစ်ပြီး ကာတာက မိသားစုတွေ တကွဲတပြားဖြစ်အောင် အတင်းအကျပ် ဖန်တီးရာ ရောက်တယ်လို့ သူက ဆိုပါတယ်။

ကာတာကတော့ သူတို့ကို အကြမ်းဖက်မှု ထောက်ပံ့နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.