မန္တလာတံခွန်ပန်းခြံမှာထားမယ့် ဗိုလ်ချုပ်အောင်ဆန်းပုံတူကြေးသွန်းရုပ်တု မြို့တွင်းလှည့်လည်

မန္တလေး၊ဇွန်၁၁

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် မန္တလာတံခွန်ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ရင်ပြင်မှာထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်းပုံတူကြေးသွန်းရုပ်တု မြို့တွင်းလှည့်လည်ဂါရ၀ပြုခံနေတဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။

ဇွန် ၁၀ ရက် နဲ့ ၁၁ ရက် နှစ်ရက်တာလှည့်လည်သွားမှာ ဖြစ်ပြီး ဇွန် ၁၃ ရက်မှာတော့ မန္တလာတံခွန်ပန်းခြံဆီသယ် ဆောင်ကာ အသင့်တည်ဆောက်ထားတဲ့ ရင်ပြင်ပေါ် စိုက်ထူထားရှိမှာဖြစ်တယ်လို့သိရပါတယ်။



ဇွန် ၁၇ ရက်မှာ ဖွင့်ပွဲအခမ်းအနားကျင်းပမှာဖြစ်ပြီး နိုင်ငံတော်အကြီးအကဲတွေလည်း တက်ရောက်ဖို့ရှိတယ်လို့ ဖြစ်မြောက်ရေးအဖွဲ့ပြောရေးဆို ခွင့်ရှိသူဦးမင်းထက်ငြိမ်းချမ်းကပြောပါတယ်။

ဒီကြေးသွန်းရုပ်တုကို ဗိုလ်ချုပ်အောင်ဆန်းအနှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ရုပ်တုနဲ့ရင်ပြင်ဖြစ်မြောက်ရေးအဖွဲ့(မန္တလေး)ရဲ့ကြီးမှူးစီစဉ်တာဖြစ်ပြီး နှစ်နှစ်ကျော်ခန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရတယ်လို့လည်းသိရပါတယ်။

အမြင့် ၁၃ ပေ ကြေးပိဿာချိန် ၁၇၀၀ ကျော်ရှိတဲ့ ကြေးသွန်းရုပ်တုကြီးပဲဖြစ်ပြီး တမ္ပ၀တီရပ်က ကြေးသွန်း ပညာရှင်ဦးဝင်းမောင်ရဲ့သမီးဒေါ်ညွန့်ညွန့်ဝင်းရဲ့ မြန်မာမှု ကြေးသွန်းလုပ်ငန်းမှာ သွန်းလုပ်ခဲ့တာပါ။

ရုပ်တုရဲ့ဒီဇိုင်းလက်ရာကတော့ ပညာရှင်စောခမ်းထီရဲ့ လက်ရာလို့သိရပါတယ်။

News & Photos by စောထွေး
Popular News Journal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.