အီရန် လွှတ်တော် ပစ်ခတ်မှုအတွင်း တစ်ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ



အီရန် လွှတ်တော်အတွင်း ပစ်ခတ်မှုတွင် ဒဏ်ရာရသူများအား လူနာတင်ကားပေါ်သို့ တင်နေစဉ် (ဓာတ်ပုံ-အင်တာနက်)
    တီဟီရန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

    အီရန်နိုင်ငံ လွှတ်တော်အတွင်း ဇွန်လ ၇ ရက် နံနက်ပိုင်းက သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး အခြားသူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။

ဇွန်လ ၇ ရက် နံနက်ပိုင်းက လွှတ်တော်အတွင်းသို့ လက်နက်ကိုင် လူ လေးဦး ဝင်ရောက်ကာ စတင် ပစ်ခတ်ခဲ့ကြောင်း ဥပဒေပြုအမတ် အက်ခ်ဘာ ရန်ဂ်ျဘာဇာဒတ်က နိုင်ငံပိုင် ရုပ်သံ IRIB သို့ ပြောကြားခဲ့သည်။

ပစ်ခတ်သူများမှာ လွှတ်တော်အတွင်း ရှိနေဆဲ ဖြစ်ကြောင်း ဥပဒေပြုအမတ်အချို့၏ ရုံးခန်းများ အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ရန်ဂ်ျဘာဇာဒတ်က ပြောသည်။

လွှတ်တော် ဝင်ပေါက်နှင့် ထွက်ပေါက်များအား ပိတ်ထားပြီး ဖြစ်သလို အခြေအနေအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းချုပ်လျက်ရှိကြောင်း သတင်းက ဆိုသည်။

ဒဏ်ရာရရှိသူများအား ကူညီရန် ယင်းနေရာတဝိုက်သို့ လူနာတင်ကားများ ပို့လွှတ်ထားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.