အဆိုတော် ဦးအံ့ကြီး ကွယ်လွန်


မြန်မာ့ ဂီတ သမိုင်းမှာ နာမည်ကျော် အဆိုတော်ကြီး တစ်ဦး ဖြစ်တဲ့ ဦးအံ့ကြီး တစ်ယောက် အသက် ၉၄ နှစ် အရွယ်မှာ ကွယ်လွန် သွားပါပြီ။

အမေရိကန် ပြည်ထောင်စုမှာ နှစ်ရှည်လများ သွားရောက် အခြေစိုက် နေထိုင်ခဲ့တဲ့ ဦးအံ့ကြီး ကွယ်လွန်တဲ့ အခါမှာတော့ အမိမြေ မြန်မာ နိုင်ငံမှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဦးအံ့ကြီးရဲ့ အသံဟာ အင်မတန် ယောက်ျားပီလှတယ် ဆိုပြီး ဂီတ အသိုင်းအဝိုင်းကရော၊ ပရိသတ်တွေ ကပါ မှတ်ချက်ပြု ကြ အထူး နှစ်ခြိုက် ကြပါတယ်။

နန်းတော်ရှေ့ ဆရာတင်နဲ့ မြို့မငြိမ်းတို့ ရေးဖွဲ့ခဲ့တဲ့ သီချင်းတွေကို မြန်မာသံ ပီပီနဲ့ သီဆိုခဲ့သူ ဖြစ်ပြီး သူ့ရဲ့ အသံ၊ သူ့မူဟန်ကို ဆယ်စုနှစ်ပေါင်း များစွာ ခြားတဲ့ ဒီကနေ့ ခေတ်ကသူတွေပါ စွဲမက် ကြပါတယ်။

ဦးအံ့ကြီးဟာ ငယ်ငယ်ကတည်းက ဂီတ ဝါသနာ ကြီးခဲ့ပြီး၊ တူရိယာ အတော်များများကို ကျွမ်းကျွမ်းကျင်ကျင် တီးမှုတ်နိုင်စွမ်းပါတယ်။

ညီအစ်ကိုတွေ ပေါင်းပြီး ဘီတီ ဘရာသားစ် အပျော်တမ်း တူရိယာအဖွဲ့နဲ့ မြန်မာ့အသံကနေ သူ့သီချင်းတွေ လွှင့်ခဲ့ပါတယ်။

ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်၊ စင်္ကာပူ၊ မလေးရှား အပါအဝင် နိုင်ငံ အတော် များများကိုလည်း နိုင်ငံ ကိုယ်စားပြု သွားရောက် သီဆို ဖျော်ဖြေ ခဲ့ပါတယ်။

ဂျပန် ဝန်ကြီးချုပ် အီကေးဒါး နဲ့ အဖွဲ့ မြန်မာနိုင်ငံကို အလည်အပတ် လာစဉ် ဦးအံ့ကြီး နဲ့အတူ တွဲဖက် သီဆို ဖျော်ဖြေ ခဲ့တဲ့ အဆိုတော်ကြီး ဒေါ်မာမာအေးက ဦးအံ့ကြီး ကွယ်လွန် သွားတာဟာ မြန်မာ့ ဂီတ အတွက် ဆုံးရှုံးမှု တစ်ရပ်ပဲလို့ ဘီဘီစီကို ပြောပါတယ်။

အဆိုတော် ဦးအံ့ကြီးရဲ့ ဈာပနကို လာမယ့် တနင်္ဂနွေနေ့ မနက် ၁၁နာရီမှာ ရေဝေး သုသာန်မှာ ကျင်းပမယ်လို့ သိရပါတယ်။
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.