ကလေးငယ်(၃)ဦးကို သေဆုံးစေခဲ့သည့် ပယောဂဆရာအား မသေမချင်း ကြိုးကွင်းစွပ် သတ်စေရန် တရားရုံး အမိန့်ချမှတ်


တွံ့တေးမြို့နယ်က ကလေးငယ်(၃)ယောက်ကို သေဆုံးတဲ့အထိ ပြုလုပ်ခဲ့ပြီး ကလေးငယ်တစ်ယောက်ကို ဒဏ်ရာရရှိစေခဲ့တဲ့ ပယောဂဆရာ ထွန်းနိုင်ကို ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်တရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့နဲ့ ထောင်ဒဏ်(၇)နှစ်ကို သီးခြားစီကျခံစေဖို့ ဇွန်(၂၀)ရက်က အမိန့်ချမှတ်လိုက်ပါတယ်။

 ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင် တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး(၄)က တရားခံထွန်းနိုင်ဟာ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားတာကြောင့် ထွန်းနိုင်ကိုစွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ခ)အရ ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ အရ ထောင်ဒဏ်(၇)နှစ်ကျခံဖို့ သီးခြားစီအမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာသေဒဏ်ချမှတ်ခံရတဲ့ တရားခံတွေဟာ နိုင်ငံတော်သမ္မတထံ အသနားခံစာတင်ခွင့်ရှိတာကြောင့် အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အယူခံဝင်ခွင့်ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလ ကပြောပါတယ်။ ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်၊ အောက်တိုဘာလက
တွံတေးမြို့နယ်၊တွံတေးဝကျေးရွာအုပ်စု၊မိုင်(၂၀)အရှေ့(တောတွင်း) မှာနေထိုင်တဲ့ မိသားစုတွေကို တရားခံ ထွန်းနိုင်က ကလေးငယ်တွေကို သရဲပူးနေတယ်လို့ဆိုပြီး ကုသပေးရာ ခြေထောက်နဲ့ကန်တာ၊ တက်နင်းတာ၊လက်သီးနဲ့ထိုးတာတွေ ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်သုံးယောက် သေဆုံးခဲ့ပြီး တစ်ယောက်မှာဒဏ်ရာရရှိကာဆေးကုသမှုခံယူခဲ့ရပါတယ်။

တရားခံထွန်းနိုင်က သေဆုံးသူကလေးတွေရဲ့နေအိမ်မှာသရဲ၊သစ္ဆေတွေရှိနေတာကြောင့်ရှင်းလင်းပေးမယ်လို့ ပြောဆိုပြီး တစ်ခြံတည်းနေမိသားစု(၄)စုမှ စုစုပေါင်းလူ (၁၉)ယောက်ကိုစုစည်းနေထိုင်စေ ခဲ့တယ်လို့ သိရပါ တယ်။အဲဒီမိသားစုတွေကို တရားခံထွန်းနိုင်ဟာ စည်းချထားပြီး အပြင်ထွက်မရကြောင်း ပြောဆိုကာ အသက်(၃)နှစ်အရွယ် နေလလင်း(ခ)တစ်တို ကို သရဲဝင်ပူးနေတယ်ဆိုပြီးခြေထောက်နဲ့ကန်တာ၊ တက်နင်းတာ၊ လက်သီးနဲ့ထိုးတာပြုလုပ်ခဲ့ရာ အဲဒီနေ့ည(၁၂)နာရီမှာသေဆုံးခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာ(၁၉)ရက် မနက်(၇)နာရီအချိန်ခန့်မှာ ထွန်းနိုင်က ကလေးအလောင်းကို တွံတေးတူးမြောင်း အတွင်း လှေနဲ့ သွားရောက်စွန့်ပစ်ခဲ့တယ်လို့သိရပါတယ်။

 အဲဒီနောက်တရားခံထွန်းနိုင်က အိမ်ကိုပြန်လာပြီး အသက်(၂)နှစ်အရွယ် မလှနှင်းရွှေ၊ (၄)နှစ်အရွယ် မသင်းသင်းစိုးနဲ့ (၈)လအရွယ် မယမင်းတို့မှာလည်း သရဲ၊သစ္ဆေ၀င်ပူးနေတယ်လို့ပြောဆိုကာ ခြေထောက်နဲ့ကန်တာ၊ တက်နင်းတာ၊ လက်သီးနဲ့ထိုးတာ တွေပြုလုပ်ခဲ့တာကြောင့် မလှနှင်းရွှေနဲ့မယမင်းတို့(၂)ယောက်ဟာ ည(၁၀)နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့ တယ်လို့သိရပါတယ်။ သေဆုံးခဲ့တဲ့ကလေးတွေကို အောက်တိုဘာ(၂၀)ရက် မနက်(၇)နာရီမှာ ဦးအောင်စိုးမိုး နေအိမ်ဘေးမှာ မြေမြှုပ်ခဲ့တယ်လို့သိရပါတယ်။ (၄)နှစ်အရွယ် မသင်းသင်းစိုးမှာ ဖူးရောင်ဒဏ်ရာတွေနဲ့ တွံတေးမြို့နယ်ဆေးရုံက တစ်ဆင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာအတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့သိရပါတယ်။
ဒီသတင်းကို Central News Bureau က ယမင်းချို ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.