ဒဏ်ခတ်ပိတ်ဆို့မှုနှင့် သံတမန်ဖိအားများကြောင့် နျူကလီးယားစီမံကိန်း အရှိန်မြှင့်လုပ်သွားမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်


ပြုံယမ်း၊ ဇွန် ၁၆ ။ ။ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အမေရိကန်ဦးဆောင်သော ကျုးကျော်မှုနှင့် အခြားသော ရန်လိုသည့် အပြုအမူများဖြစ်သည့် သံတမန်ဖိအားများကြောင့် နျူကလီးယားစီမံကိန်းကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ဇွန် ၁၅ ရက်တွင် ခြိမ်းခြောက်ပြောဆိုသည်။

ပြုံယမ်း၏ အကြိမ်ကြိမ် နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုများကြောင့် ဆယ်စုနှစ်များစွာ ချမှတ်ခံထားရသော နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများကို တုံ့ပြန်ရန် နျူကလီးယားစီမံကိန်းကို အရှိန်မြှင့်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

"ဒီစက်ဆုပ်ဖွယ် ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ အမေရိကန်ရဲ့ ၎င်းရေတပ်က ဖိအားပေးမှုတွေဟာ အစွန်းတစ်ဖက်ထိ ရောက်လာပြီ။ မြောက်ကိုရီးယားစစ်တပ်ရယ်၊ ပြည်သူတွေရယ်ရဲ့ ဒေါသကို ကြီးထွားအောင် လုပ်နေတာဖြစ်ပြီး နိုင်ငံအနေနဲ့ ကျူးကျော်ရန်စကို အမြစ်ဖြုတ်သွားဖို့အတွက် နျူကလီးယားစီမံကိန်းကို အရှိန်မြှင့်သွားရတော့မှာ ဖြစ်တယ်။" ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုများသည် အလုပ်သမားပါတီနှင့် အစိုးရ ဌာနအဖွဲ့အစည်း ၁၅ ခု၊ လုပ်ငန်းကုမ္ပဏီ ၇၃ ခု၊ လူပုဂ္ဂိုလ် ၉၀ နီးပါးနှင့် လက်နက်ခဲယမ်းတင်ပို့မှုနှင့် သက်ဆိုင်ပတ်သက်မှု မရှိသော လေယာဉ်နှင့် သင်္ဘော ၁၇ စီးတို့အပေါ် သက်ရောက်မှု ရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု ဇွန်လအစက လက်နက်စီမံကိန်းများနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စီးပွားရေးပိတ်ဆို့မှုသစ်များ ထပ်မံချမှတ်ထားခဲ့ခြင်းလည်းဖြစ်သည်။

Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.