ကျိုက်ထိုမြို့၌ မြန်မာ ငွေစက္ကူအတု ငွေကျပ် ၁၇၃ သိန်း သိမ်းဆည်းရမိ


ကျိုက်ထို ၁၅-၆-၂၀၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့ မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားအနီးရှိ ထမင်းဆိုင်ရှေ့တွင် ဇွန်လ ၁၃ရက်နေ့ နံနက်ပိုင်းက မြန်မာငွေစက္ကူအတုများ သိမ်းဆည်းရမိကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ကျိုက်ထိုမြို့ဈေးနှင့် လမ်းရှိဆိုင်များတွင် ယာဉ်တစ်စီးနှင့် လူငါးဦးသည် ငွေအတုများဖြင့် ဈေးလိုက်ဝယ်နေကြောင်း သတင်းအရ ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မျိုးလွင်နှင့် အဖွဲ့သည် သက်သေများနှင့်အတူ မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးရှိ အောင်မိတ်ဆက် ထမင်းဆိုင်ရှေ့၌ စောင့်ဆိုင်းနေစဉ် ကျိုက်ထိုဘက်မှ ဝေါမြို့နယ်ဘက်သို့ မောင်းနှင်လာသော Probox အမျိုးအစား ခဲရောင်ယာဉ်အမှတ် CC/---- အားရပ်တန့် စစ်ဆေးရာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်နေသူ ဇော်နိုင်အေး ၃၂ နှစ်၊ မြောက်ဥက္ကလာပမြို့နယ် နေသူများဖြစ်ကြသည့် အေးရွှေ ၄၅ နှစ်၊ မြင့်ဇော်ဦး ၅၂ နှစ်၊ မျိုးမင်းသူ ၂၆ နှစ်၊ စိုးသက်လွင် ၂၈ နှစ်တို့အား တွေ့ရှိခဲ့ပြီး အ၀တ်အစား အိတ်များ နှင့်အတူ ၎င်းတို့၏ ပိုက်ဆံအိတ်များ အတွင်းမှငွေစက္ကူ အတုဟုယူဆရသော ငွေကျပ် ၁၀၀၀၀ တန်တစ်အုပ်လျှင် အရွက် ၁၀၀ ပါ ၁၅ အုပ် ၃၀ ရွက်နှင့် ငွေကျပ် ၅၀၀၀ တန် အရွက် ၁၀၀ ပါ လေးအုပ် စုစုပေါင်းငွေစက္ကူ အတု ငွေကျပ် ၁၇၃ သိန်းကို သိမ်းဆည်း ရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ငွေစက္ကူ အတု ပြုလုပ်၍ လက်ဝယ် ထားရှိသူ ဇော်နိုင်အေး၊ အေးရွှေ၊ မြင့်ဇော်ဦး၊ မျိုးမင်းသူ၊ စိုးသက်လွင်တို့အား သိမ်ဇရပ် နယ်မြေ ရဲစခန်းက (ပ)၁၃၆/၂၀၁၇၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး ငွေစက္ကူအတု ထုတ်လုပ်မှုများနှင့် ပတ်သက်၍ ဆက်လက် စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

The Myawady Daily
https://www.facebook.com/TheMyawadyDaily/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.