လူမဲအမျိုးသားကို ပစ်သတ်ခဲ့တဲ့ ရဲအရာရှိကို အမှုကနေ ကင်းလွတ်ခွင့် ပေး



ရဲအရာရှိ ဂျရိုနီမို ရနက်ဇ်
အမေရိကန် ပြည်ထောင်စု မန်နီဆိုးတား ပြည်နယ်မှာ အာဖရိက နွယ်ဖွား အမေရိကန်သား တယောက်ကို ပစ်သတ်ခဲ့တဲ့ ရဲအရာရှိကို တရားစီရင်းရေး အဖွဲ့က အမှုကနေ ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။

မနှစ်တုန်းက အာဖရိကနွယ်ဖွား အမေရိကန်သား Philando Castile ဖီလန်ဒို ကတ်စတိုင်းလ် ဟာ လမ်းစည်းကမ်း ချိုးဖောက်တယ် ဆိုပြီး ရပ်ခိုင်းကာ ရဲက ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်ချိန်မှာ နံဘေးမှာ ရှိတဲ့ မစ္စတာ ကတ်စတိုင်းရဲ့ ရည်းစားက သူ့ရဲ့ နောက်ဆုံး အချိန်ကို ဗွီဒီယိုရိုက်ကူးပြီး ဖေ့စ်ဘွတ်ခ် ပေါ်ကနေ လိုက်ဖ် လွှင့်ခဲ့တာကြောင့် ဒီသတင်းက တကမ္ဘာလုံး ဟိုးလေး တကျော် ဖြစ်သွားခဲ့ပါတယ်။

Jeronimo Yanez ရဲအရာရှိ ဂျရိုနီမို ရနက်ဇ် ဟာ လူသတ်မှု ၊ လူသေစေမှုတွေ နဲ့ အပြစ် မရှိကြောင်း တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.