သူရဦးတင်ဦးကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုအားပေး


ရန်ကုန် ဇွန် ၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၃ ရက်နေ့ ယနေ့ ညနေပိုင်းတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ကုသဆောင်၌ ဆေးဝါး ကုသမှုခံယူနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၏ ကျန်းမာရေး အခြေ အနေကို သွားရောက်ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုနှင့် တာဝန်ရှိသူများက ဦးတင်ဦး၏ လက်ရှိကျန်းမာရေး အခြေ အနေနှင့် တိုးတက်လာမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး နှလုံးနှင့် သွေးကြောရောဂါ ခွဲစိတ်ကုဌာနတွင် ဆေးဝါးကုသမှုခံယူနေကြသည့် ဝေဒနာ ရှင်ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားသည်။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးသည် ဦးနှောက်သွေးကြော ပိတ်ပြီး ကိုယ်တစ်ခြမ်း လေဖြတ်ရောဂါခံစားရသဖြင့် မေ ၁၈ ရက်မှစ၍ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက်ဆေးဝါး ကုသမှုခံယူနေခြင်းဖြစ်သည်။ လက်ရှိကာလတွင် သတိကောင်းစွာရရှိပြီး လေဖြတ်ထားသည့် ခန္ဓာကိုယ်အခြမ်းသည် လှုပ်ရှားလာနိုင် သည့်အပြင် အပျော့စား အစားအစာများကိုလည်း စားသုံးနိုင်သည်အထိ ကျန်းမာရေး တိုးတက်မှုရှိလာကြောင်း သိရသည်။


ထို့အပြင် ပုံမှန်အားဖြင့် နာရီဝက်ခန့်ထိုင်နိုင်ပြီဖြစ်၍ ဆီးပိုက်ကိုလည်း ဖြုတ်ထား နိုင်ပြီဖြစ်ကြောင်း၊ သို့သော်စကားပီသစွာ ပြောဆိုနိုင်ရေးနှင့် လေဖြတ်ထားသည့် ခန္ဓာ ကိုယ်အခြမ်း ပုံမှန်လှုပ်ရှားနိုင်ရေးတို့အတွက် လေ့ကျင့်ခန်းများ ဆက်လုပ်သွားရန် လိုအပ်ကြောင်းသိရသည်။

Myanmar State Counsellor Office
https://www.facebook.com/MyanmarSCOInfoCom/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.