ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထောက်ခံ ဂုဏ်ပြုသောအားဖြင့် “ငြိမ်းချမ်းရေးဂီတပွဲတော်” ကို ဇူလိုင်လတွင် စတင်ကျင်းပ ပြုလုပ်မည်


နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထောက်ခံ ဂုဏ်ပြုသော အားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)၊ (Forever Group)နှင့် ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်တို့က ဂုဏ်ယူစွာ တင်ဆက်သည့် ငြိမ်းချမ်းရေး ဂီတပွဲတော်ကို တောင်ကြီးမြို့၊ မြစ်ကြီးနားမြို့၊ မော်လမြိုင်မြို့၊ လားရှိုးမြို့၊ ပုသိမ်မြို့၊ ကလေးမြို့၊ ရန်ကုန်မြို့၊ စစ်တွေမြို့၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ဇူလိုင်လ ပထမပတ်မှစတင်၍ အပတ်စဉ် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပပုံများကိုလည်း မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသွားမည် ဖြစ်သည်။

*** မှတ်ပုံတင် (သို့) ထောက်ခံစာဖြင့် ထုတ်ယူနိုင်
.
ပြိုင်ပွဲသို့ နိုင်ငံသားဝါသနာရှင် မည်သူမဆို ပါဝင်ယှဉ်ပြိုင် နိုင်ကြပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာမြို့များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးခွဲများ တွင် မှတ်ပုံတင်(သို့မဟုတ်) မှတ်ပုံတင်အတွက် ထောက်ခံစာ ပြသ၍ ပြိုင်ပွဲဝင်ပုံစံများကို အခမဲ့ ထုတ်ယူနိုင်ကြသည်။ အဆိုပါ လျှောက်လွှာ ပုံစံများကို တောင်ကြီးမြို့၊ မြစ်ကြီးနားမြို့ နှင့် မော်လမြိုင်မြို့များအတွက် ဇွန် ၃ဝ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား၍ လည်းကောင်း၊ ကျန်မြို့များအတွက် ဇူလိုင် ၁၇ ရက် မွန်းတည့် ၁၂ နာရီနောက်ဆုံးထား၍ လည်းကောင်း မိမိတို့ လျှောက်လွှာပုံစံ ထုတ်ယူခဲ့သည့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ရုံးခွဲများသို့ ပြန်လည်ပေးပို့ လျှောက်ထား ကြရမည်ဖြစ်သည်။

*** အသံစစ်ဆေးခြင်း
.
မြို့အလိုက် ပြိုင်ပွဲများ ကျင်းပရာတွင် (Level-1) အဖြစ် ပထမအဆင့် အသံစစ်ဆေးခြင်းကို တီးလုံးသံမပါဘဲ အသံသက်သက်ဖြင့် နှစ်သက်ရာ သီချင်းတစ်ပုဒ်ကို သီဆိုပြရ မည်ဖြစ်ပြီး အသံစစ်ဆေးမှု အောင်မြင်သူများ အနေဖြင့် ဒုတိယအဆင့်တွင် တူရိယာ တစ်မျိုးမျိုးဖြင့် ကိုယ်တိုင် တီးခတ်၍လည်းကောင်း၊ သို့မဟုတ် အခြားသူ၏တီးခတ်မှုဖြင့် လည်းကောင်း ထပ်မံသီဆို ယှဉ်ပြိုင်ရမည် ဖြစ်သည်။

*** တီးဝိုင်းဖြင့် သီဆိုယှဉ်ပြိုင်
.
ဒုတိယအဆင့်တွင် ထပ်မံရွေးချယ်ခံရ သူများအနေဖြင့် တီးဝိုင်း(Full Band) ဖြင့် မိမိနှစ်သက်ရာ သီချင်းတစ်ပုဒ်ကို သီဆိုယှဉ်ပြိုင် ရမည်ဖြစ်ပြီး ၄င်းပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ် လွှင့်ပြသ မည် ဖြစ်သည်။

မြို့အလိုက် ရွေးချယ်ခံသူများ သည် ဒုတိယအဆင့် (Level-2)တွင် သတ်မှတ်ပြဋ္ဌာန်း ထားရှိသည့် ငြိမ်းချမ်းရေး သီချင်းများကို သီဆိုယှဉ်ပြိုင် ရမည် ဖြစ်သည်။ ၄င်းတို့ထဲမှ လက်ရွေးစင် ၁ဝ ဦးကို ရွေးချယ်ကာ တတိယအဆင့် (Level-3)ကို ငြိမ်းချမ်းရေး သီချင်းသစ်များဖြင့် သီဆိုယှဉ်ပြိုင်စေမည်ဖြစ်ပြီး ပရိသတ်၏ Voting စနစ်နှင့် အကဲဖြတ် များ၏ အမှတ်ပေးစနစ်တို့ ပေါင်းစပ်ကာ နောက်ဆုံး ဆန်ခါတင်သုံးဦးကို ရွေးချယ် မည်ဖြစ်သည်။

*** Grand Final
Grand Final တွင် ဆန်ခါတင်သုံးဦးအား သီဆိုယှဉ်ပြိုင်စေပြီး ပရိသတ်၏ Voting စနစ်၊ အကဲဖြတ်များ၏ အမှတ်ပေး စနစ်တို့ဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုများ ရွေးချယ် ချီးမြှင့်မည်ဖြစ်သည်။ ဆုကြေးငွေများ အဖြစ် ပထမဆု ငွေကျပ်သိန်း ၃ဝဝ၊ ဒုတိယဆု ငွေကျပ်သိန်း ၂ဝဝ၊ တတိယဆု ငွေကျပ်သိန်း ၁ဝဝ နှင့် နှစ်သိမ့်ဆု ခုနစ်ဆုအတွက် ငွေကျပ်သိန်း ၃ဝ စီ ချီးမြှင့်မည်ဖြစ်သည်။

*** စုံစမ်းနိုင်

ငြိမ်းချမ်းရေးဂီတပွဲတော် (Peace Music Festival) သီချင်းဆိုပြိုင်ပွဲနှင့် ပတ်သက်ပြီး အကြောင်းအရာ အပြည့်အစုံနှင့် Update သတင်း အချက်အလက် များကို Peace Music Festival Page (www.facebook.com/pea-cemusicfestival) တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။

The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.