ဂျပန်မြို့တစ်မြို့မှာ အနံ့ခံခွေးအကူအညီနဲ့ ကင်ဆာစစ်ဆေးမှုပြုလုပ်

ကင်ဆာရောဂါရှာဖွေရေးအဖြစ် လေ့ကျင့်ပေးထားတဲ့ခွေးက ငါးကောင်ပဲ ရှိတယ်။
ဇွန် ၂၀- အစာအိမ်ကင်ဆာဖြစ်ပွားမှု နှုန်းများနေတဲ့ ဂျပန်မြို့ငယ်တစ်ခု ရဲ့ မြို့တော်ဝန်က ရောဂါရှာဖွေရေး ကျန်းမာရေးစစ်ဆေးမှုတွေမှာ တိ ကျထိရောက်မှုရှိစေဖို့ ရည်ရွယ်ပြီး အနံ့ခံခွေးသုတေသန ပရိုဂရမ်တစ်ခု လုပ်ဆောင်နေတယ်လို့ သိရပါ တယ်။

လူဦးရေ ၆၀ဝ၀နေထိုင်တဲ့ ဂျ ပန်နိုင်ငံအရှေ့မြောက်ပိုင်းက ကာနီယာမာမြို့မှာ ကင်ဆာအစောပိုင်းအဆင့် လူနာတွေ စစ်ဆေးသိရှိရတဲ့နှုန်းတိုးလာတာကို ရင်ဆိုင်နေရပါတယ်။ သည်အချိန် မှာ မြို့တော်ဝန် ဟီရိုရှီဆူဇူကီက ပညာရှင်အကူအညီကို ရယူခဲ့ရ တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအတွင်း အစာအိမ် ရောဂါကြောင့် သေဆုံးမှုနှုန်းမြင့်မားတဲ့မြို့တစ်မြို့အဖြစ် လူသိများကြတဲ့ သည်မြို့ရဲ့ မြို့တော်ဝန် ဆူဇူ ကီဟာ မနှစ်က မြို့ကိုလာရောက်ခဲ့ တဲ့ ဆေးတက္ကသိုလ်ပါမောက္ခမာ ဆာအိုမီယာရှိတနဲ့တိုင်ပင်ခဲ့ပါ တယ်။ ဆွေးနွေးတိုင်ပင်ပြီးနောက် ဆေးစစ်ချက်နမူနာတွေကို အနံ့ခံ ခွဲခြားပေးမယ့် ခွေးတွေကို အသုံးပြုမယ့် သုတေသနပရိုဂရမ်တစ်ခုမှာ ပါဝင်ဖို့ ကမ်းလှမ်းချက်တစ်ခုကို လက်ခံခဲ့ပါတယ်။

နောက်တော့ ဆေးရုံက သီးသန့် ရွေးချယ်လေ့ကျင့်ပေးထားတဲ့ ခွေးတွေရှိရာ စီရင်စုတစ်ခုရဲ့ အဆောက်အအုံတစ်ခုဆီကို နမူနာတွေပေးပို့ စမ်းသပ်စေပါတယ်။

ခွေးတွေက အနံ့ခံသိရှိနိုင်တဲ့ ကင်ဆာဆဲလ်ဆီက ထွက်ရှိတဲ့ ဓာတ်ပစ္စည်းက ဘာလဲဆိုတာတော့ ဘယ်သူမှမသိပါဘူး။

‘ခုချိန်အထိတော့ ကင်ဆာ ရောဂါရှာဖွေရေးခွေးတွေက ကင် ဆာရှိမရှိ ရှာဖွေစစ်ဆေးနိုင်တာက ၁၀ဝရာခိုင်နှုန်းနီးပါး မှန်ကန်မှုရရှိ နေတာကို သုတေသနမှာ တွေ့ရပါတယ်”လို့ မီယာရှိတက ပြောပါ တယ်။
ဂျပန်မှာ ကင်ဆာရောဂါရှာဖွေရေးအဖြစ် လေ့ကျင့်ပေးထားတဲ့ ခွေးက ငါးကောင်ပဲရှိတယ်လို့ လေ့ကျင့်ရေးဌာန ဖွင့်လှစ်ထားတဲ့ St Sugar Japan က ပြောပါတယ်။

ခွေးတစ်ကောင်ကို သင်တန်း လေ့ကျင့်ခ ယန်းငါးသန်း (ဒေါ်လာ ၄၅,ဝ၀ဝ)ခန့်ကုန်ကျပါတယ်။


YSD

[ref: Scmp, Jun 20, 2017.]
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.