သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ရခိုင်မှာ တစ်ထောင်နီးပါး ရှိနေ



ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဘဲရကုလားခေါင်းကျေးရွာမှာ မေလ ၈ ရက်နေ့က ကလေးတစ်ဦးကို ကျန်းမာရေးအဖွဲ့က သွေးပေါင် ချိန်ပေးနေစဉ်။ Photo: San Lung FB
ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ တစ်ထောင်နီးပါးအထိတိုးလာနေပြီး သေဆုံးသူဦးရေ ဟာ ၁၂ ဦးအထိ ရှိနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကထက် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုများပြားတဲ့အရေအတွက်ဖြစ်တယ်လို့ ပြည်နယ် ကျန်းမာရေးဦးစီးဌာန က လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာစံကျော့ခိုင်ကပြောပါတယ်။

သေဆုံးသူတွေဟာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ အမ်းမြို့နယ်တွေကဖြစ်ပြီး အသက် ၁၅ နှစ်အထက်နှစ်ဦးနဲ့ ၁၅ နှစ်အောက် ၁၀ ဦးဖြစ် တယ်လို့သိရပါတယ်။

ဒီနှစ်အတွင်း ရခိုင်ပြည်နယ် ၁၇ မြို့နယ်စလုံးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေတာဖြစ်ပြီး လတ်တလော မှာတော့ တောင်ကုတ်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ စစ်တွေ အဖြစ်များတယ်လို့လည်း ဒေါက်တာစံကျော့ခိုင် က ပြောပါတယ်။

ကျန်းမာရေးဦးစီးဌာနအနေနဲ့ လူထုကျန်းမာရေးပညာပေးတွေ၊ ဆွေးနွေးပွဲတွေ၊ ဆေးဖျန်းတာတွေ လုပ်ဆောင်နေ တယ်လို့ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.