သတင်းထောက် ၃ ဦးကို ၆၆ဃနဲ့ တရားစွဲ



၆၆ (ဃ) နဲ့ တရားစွဲဆိုခံရတဲ့ မကွေးမြို့  MGY ဂျာနယ်တာဝန်ခံ တင်ရွှေမင်းဘူး ကို တွေ့ရစဉ်။ Photo: တင်ရွှေမင်းဘူး Facebook
မကွေးတိုင်းဒေသကြီးက ဒေသခံ သတင်းထောက် ၃ ဦးကို မကွေးမြို့ နယ် မယ်လှတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဖေ့ဘွတ်စာမျက်နှာမှာ မမှန်မကန် ရေးသားပြောဆိုတယ်ဆိုပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ မကွေးနယ်မြေရဲစခန်းမှာ တရားစွဲဆိုလိုက်ပါတယ်။

တရားစွဲဆိုထားတာကိုတော့ သိထားပြီး စခန်းက လာရောက်အကြောင်းကြားတာတော့ မရှိသေးဘူးလို့ တရားစွဲဆို ခံထားရသူတစ်ဦးဖြစ်တဲ့ မကွေးမြို့ MGY ဂျာနယ်တာဝန်ခံအယ်ဒီတာ ဦးတင်ရွှေ (မင်းဘူး) ကပြောပါတယ်။

"ကျနော်တင်တဲ့ပို့စ်က တိုင်းဒေသကြီးအစိုးရက အုတ်လုပ်ငန်းတွေ သဲကျောက်လုပ်ငန်းတွေကို ပိတ်ထား တယ် အဲ့မှာ အုတ်လုပ်ငန်းတွေကို တရားမ၀င်လုပ်နေတယ် နောက်တစ်ခုက အပင်တွေကို ဘိုဒူဇာနဲ့ ထိုးဖို့ လုပ်နေတာကို ဒေသခံတွေက ကန့်ကွက်နေတယ်ဆိုပြီး အဲ့ ၂ ခုကို တွဲတင်တာပေါ့။ ကျနော်အပါအဝင် ဇာဇာ(မကွေး)ရယ်၊ နေခြည်ရယ်ကို အမှုဖွင့်ထားတယ် ကျွန်တော်တို့ကိုတော့ အမှုဖွင့်ထားတယ်ဆိုပြီး ဒီနေ့အထိ ဖုန်းမဆက်သေးဘူး"

"တင်ရွှေ မင်းဘူး" နာမည်နဲ့ အသုံးပြုတဲ့ ဖေ့ဘွတ်စာမျက်နှာမှာ မကွေးမြို့က အုတ်ဖုတ်လုပ်ငန်းတွေကို တာဝန်ရှိ သူတွေအနေနဲ့ ကွင်းဆင်းစစ်ဆေးဖို့နဲ့ သစ်ပင်တွေကို ဘိုဒူဇာနဲ့ ထိုးဖို့လုပ်နေတဲ့အပေါ် မြင်းကင်းကျေးရွာသားတွေ က ကန့်ကွက်နေကြောင်း ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က ရေးသားခဲ့တာကို မမှန်မကန်ရေးသားတယ်ဆိုပြီး တရားစွဲ ဆိုလိုက်တာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး MGY ဂျာနယ်တာဝန်ခံအယ်ဒီတာ တင်ရွှေမင်းဘူး၊ ဒီမိုကရေစီတူဒေး သတင်းထောက် မဇာဇာစန်း၊ မြန်မာတိုင်းမ်နဲ့ ဒီလှိုင်း(ချောက်) သတင်းထောက် မဖူးပွင့်နေခြည် တို့ကို ပြီးခဲ့တဲ့ ဇွန်လ ၁ဝ ရက်နေ့က မကွေးနယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဖေ့ဘွတ်မှာရေးသားတဲ့သူက ဦးတင်ရွှေမင်းဘူးဖြစ်ပြီး အဲဒီအောက်မှာ မဇာဇာစန်းက မဖြစ်သင့်တာတွေလို့ ကွန်မန့်ဝင်ပေးခဲ့ပေးခဲ့တာဖြစ်ပါတယ်။ မဖူးပွင့်နေခြည် က ပို့စ်ကို လိုက်ခ်လဲမလုပ် ရှဲလ်လဲမလုပ် ကွန်မန့် လဲ ပေးတာမရှိပေမယ့် ဘာကြောင့် ထည့်သွင်းအမှုဖွင့်တယ်ဆိုတာ မသိရဘူးလို့ ဦးတင်ရွေမင်းဘူး ကပြောပါ တယ်။

RFA Burmese
http://www.rfa.org/burmese

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6933,interview,212,knowledge,7,Live,8,LocalNews,15037,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: သတင်းထောက် ၃ ဦးကို ၆၆ဃနဲ့ တရားစွဲ
သတင်းထောက် ၃ ဦးကို ၆၆ဃနဲ့ တရားစွဲ
https://4.bp.blogspot.com/-QiqSCXdd7sU/WUJpRB1hdeI/AAAAAAABN6E/_29V4FFwv2sQAsp2bjxFmQxff1i2mvdmQCLcBGAs/s400/1.jpg
https://4.bp.blogspot.com/-QiqSCXdd7sU/WUJpRB1hdeI/AAAAAAABN6E/_29V4FFwv2sQAsp2bjxFmQxff1i2mvdmQCLcBGAs/s72-c/1.jpg
dawnmanhon
http://www.dawnmanhon.com/2017/06/blog-post_766.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/06/blog-post_766.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy