တရားမဝင် စက်သုံးဆီသိုလှောင်ရောင်းချမှုများ ထိရောက်စွာ အရေးယူမည်ဟုဆို


ခိုနူမ်းသုန်သတင်း၊ ၀၇ ဇွန် ၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ်တွင် တရားမ၀င် စက်သုံးဆီသိုလှောင်ရောင်းချမှုများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဟု ကလေးမြို့နယ်အုပ်ချူပ်ရေးမှူး ဦးဝေလွင်ဖြိုး ကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကလေးမြို့နယ် အတွင်းရှိ ရပ်ကွက်ကြီး(၁၉)ရပ်ကွက်နှင့် ကျေးရွာများရှိ စက်သုံးဆီဆိုင်များနှင့်သိုလှောင်ရောင်းချနေသော ပြည်သူများကို ဇွန်လ ၇ ရက်နေ့  ယနေ့မနက် ၉း၀၀ နာရီက ကလေးမြို့ စုပေါင်းရုံးတွင်ခေါ်ယူတွေ့ဆုံပြီး ယခုကဲ့သို့ သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးဝေလွင်ဖြိုးက “တိုင်းဒေသကြီးညွှန်ကြားချက်အတိုင်း ကျွန်တော်တို့ လာမယ့်အပတ်မှစပြီး ကျွန်တော်တို့ကွင်းဆင်းစစ်ဆေးသွားမှာပါ၊ ကျွန်တော်တို့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘယ်ရပ်ကွက်မှာ ဘယ်ဆိုင်ကိုစစ်မယ်လို့ ကျွန်တော်တို့ကြိုတင်မပြောပါဘူး အဲဒီတော့ စစ်ဆေးတဲ့အခါမှာလည်း ကျွန်တော်တို့အားလုံးက မြို့ပြင်ရော မြို့တွင်းရော ရပ်ကွက်ထဲမှာ ပီပါဘယ်လောက်များများသိုလှောင်တယ်ဆိုတာကို စသဖြင့် အဲ့အတွက် စစ်ဆေးတဲ့အခါမှာရော သိုလှောင်သိမ်းထားတဲ့သူတွေ လိုင်စင်ရှိပြီလား ကျွန်တော်တို့မှာ ရှိပြီးသားဖြစ်ရပါမယ် ကိုယ့်ဖိုင်တွေကိုလှန်ထားပြီးတော့ စစ်ဆေးပါမယ် စစ်တဲ့အခါမှာလည်း ကျွန်တော်တို့ ကြိုပြောထားပြီးသားဖြစ်တဲ့အတွက် လိုင်စင်ရအောင်လုပ်ထားပါ ကျွန်တော်တို့ ဥပဒေနဲ့ သွားရမှာဖြစ်ပါတယ် အဲဒါကြောင့် ကျွန်တော်တို့ကိုပဲဗွေမယူပါနဲ့ ကော်မတီက ဥပဒေနဲ့အညီ စပြီးဆောင်ရွက်သွားပါမယ်” ဟု ယင်းတွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။


ကလေးမြို့နယ်တွင် တရားမဝင် စက်သုံးဆီသိုလှောင်ရောင်းချမှု အဆမတန်များလာခြင်းကြောင့် မီးဘေးအန္တရာယ်စိုးရိမ်ရခြင်း၊ အခွန်ကင်းလွတ်ခွင်ရရှိပြီး တရားဝင်အခွန်ဆောင်ရောင်းချနေသူများအတွက် ထိခိုက်နစ်နာမှုရှိစေခြင်း၊ အိန္ဒိယနှင့် ချင်းပြည်နယ်သို့ စက်သုံးဆီပီပါများကို ဘောက်ဆာကားများ ယာဉ်ကြီးယာဉ်ငယ်များဖြင့် သယ်ဆောင်ဖြန့်ဖြူးနေမှုတို့ကို အမြန်ကာကွယ်တားဆီးနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရမှ ညွန်ကြားလာသည့်အတိုင်း ယခုကဲ့သို့စတင်ဆောင်ရွက်ရန်စီစဉ်ရခြင်းဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် လိုင်စင်မရှိဘဲ တရားမ၀င်စက်သုံးဆီဆိုင်နှင့် သိုလှောင်ရောင်းချသူများအနေဖြင့် အမြန်ဆုံး လိုင်စင်လုပ်ထားကြရန်လိုအပ်ကြောင်း အဆိုပါတွေ့ဆုံပွဲတွင် တာဝန်ရှိသူများကပြောဆိုကြသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.