ကျောင်းသူ/ကျောင်းသားများ တင်ဆောင်လာသည့် စက်လှေ တိမ်းမှောက်


ဇွန် - ၁၃

ချင်းတွင်းမြစ်ကြောင်း မင်းကင်းမြို့နယ် l ကြွေကျေးရွာ နဲ့ ရွာဘကျေးရွာ ကိုကူးတဲ့ ကူးတို့စက်လှေ တစ်စီး ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းက တိမ်းမှောက်တယ်လို့သိရပါတယ်။

ကျောင်းသူကျောင်းသားတွေ ပါဝင်လာတဲ့ အဲဒီစက်လှေ တိမ်းမှောက်မှုမှာ အသေအပျောက်တော့ မရှိဘူးလို့ သိရပါတယ်။

စင်လှေပေါ်မှာ ဆယ်တန်း ကျောင်းသူတစ်ဦး | ကိုးတန်း ကျောင်းသား တစ်ဦး l ခုနှစ်တန်း ကျောင်းသူ တစ်ဦး ခြောက်တန်း ကျောင်းသူ တစ်ဦး l ငါးတန်း ကျောင်းသူနှစ်ဦး နဲ့ ကျောင်းသားတစ်ဦး အပါအဝင် စက်လှေမောင်းသမား တစ်ဦး ပါ ပါတယ်။

ကမ်းက ထွက်ခွာချိန်မှာ အမြန်ယာဉ်နှစ်စီးအတွေ့ အစုန်အဆန်လှိုင်းကို မထိန်းနိုင်ပဲ တိမ်းမှောက် ခဲ့တယ်လို့ သိရပါတယ်။

ဒီကူးတို့လမ်းကြောင်းမှာ ပုံမှန်အားဖြင့် စက်လှေကြီးတွေသာ ကူးနေကြဖြစ်ပေမယ့် အခုစက်လှေကတော့ လျှော်လဗန် (ခေါ်) ဟွန်ဒါ စက်တပ် လှေကလေးဖြစ်တယ်လို့ Sagaing Regional Information Page က အတည်ပြုထားပါတယ်။

တိမ်းမှောက်မှုကြောင့် လူအသေအပျောက် မရှိပေမယ့် စာရေးကိရိယာ နဲ့ ကျောင်းသုံးစာအုပ်တွေ ရေစိုပျက်စီးသွားတယ်လို့ ကနဦးသတင်းရရှိ ထားကြောင်း ဖော်ပြထားပါတယ်။

REF--Sagaing Regional Information Page
Monywa Gazette
https://www.facebook.com/monywagazette
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.