အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက် ဆက်နွယ်မှုရှိကြောင်း သံသယရှိသူ ၁ ဦး ဖမ်းဆီးရမိ


ဇွန် ၆၊၂၀၁၇

မေ ၁၉ ရက် နံနက် ၃ နာရီက ဘူးသီးတောင်မြို့နယ် ပုဇွန်ချောင်းကျေးရွာနေ ရာအိမ်မှူး မိုဇီရာမန် ၄၀ နှစ်ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ ပါဝင်ပတ်သက် ဆက်နွယ်မှုရှိကြောင်း သံသယရှိသူ ၁ ဦးအား ဖမ်းဆီးရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်မြောက် ဘဒကားကျေးရွာလမ်း၌ ကင်းလှည့်ဆောင်ရွက်စဉ် ဇွန် ၄ ရက် မွန်းလွဲ ၂ နာရီခွဲက အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက်ဆက်နွယ်မှုရှိကြောင်း သံသယရှိသူ အာရ်ဗီကျောင်းဆရာ မာမောက်ဆွေယော့ ၃၀ နှစ်အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

ဖမ်းဆီးရမိသူကို အကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်ဆက်နွယ် ကျုးလွန်ခြင်းရှိမရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.