မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့်အတူ လုံးပတ်(၂၅)ပေခန့်ရှိ ကျောက်တုံးကြီး လူနေအိပ်အားပိမိ


သံတောင်ကြီး- ဇွန် (၂၀)

ကရင်ပြည်နယ်၊ဘားအံခရိုင်၊သံတောင်ကြီးမြို့နယ်တွင် ဇွန်လမတိုင်ခင်ကာလမှစတင်ကာမိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့်သံတောင်ကြီးမြို့ပေါ်ရပ်ကွက်များတွင် မိုးရေကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ဇွန်(၂၀)ရက်၊နံနက်(၁၀)နာရီအချိန်ကသံတောင်ကြီးမြို၊အမှတ်(၂)ရပ်ကွက်တွင် မြေပြိုခြင်းနှင့်အတူကျောက်တုံးကြီးတစ်လုံး လူနေအိမ်အောက်ခြေအား ပိမိခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ယခင်ဇွန်(၁၂)ရက်တွင်လည်း အမှတ်(၂)ရပ်ကွက် ကားလမ်းဘေး အလျားပေ(၂၀)ခန့်အကျယ်ရှိ မြေပြိုခြင်းကြောင့် အောက်ဘက်တွင် ရှိသော လူနေအိမ် (၂)အိမ်ပေါ်အနီးကပ်လျှက် ပိကျခြင်း၊ အမှတ်(၁)ရပ်ကွက်မှ လိပ်ပြာကလေးရွာသွားလမ်းပေါ်တွင် အလျား(၁၅) ပေခန့်ရှိ မြေပြိုမှုကြောင့် လူသွားလမ်းအား ပိတ်ဆို့ခဲ့ခြင်း၊ အမှတ်(၁)ရပ်ကွက် ဆုတောင်း တောင်ဘေးရှိ လူနေအိမ်း(၂)အိမ်အား အလျား(၉)ပေ၊ အနံ(၇)ပေရှိ မြေပြိုကျခြင်းနှင့် အလျား (၁၅)ပေခန့်ရှိ မြေပြိုမှုဖြစ်ပွားခဲ့သေးကြောင်းသိရသည်။

ယနေ့တဖန်အမှတ်(၂)ရပ်ကွက်၊အထကကျောင်းရှေ့မျက်နာချင်းဆိုင်ရှိ နော်ဟဲဂရီးဈေးဆိုင်အနောက်ဘက်ခြမ်းတွင်မြေပြိုရာမှ မြေနှင့်အတူ လုံးပတ်(၂၅)ပေခန့်ရှိ ကျောက်တုံးကြီးသည် အောက်ဖက်တွင် နေထိုင်သော ဦးစောထယ်၏နေအိမ်ပေါ်သို့ လိမ့်ကျသွားခဲ့သည်။ ထိုသို့ လိမ့်ကျသွားသဖြင့် နေအိမ်အောက်ထပ် မျက်နှာစာ ကွန်ကရစ်နံရံ တစ်ခြမ်းနှင့် RCတိုင်တစ်တိုင်အား ပိကြပျက်ဆီးသွားခဲ့ကြောင်းနှင့် ကျောက်တုံးပိကျသွားသဖြင့် အဆိုပါ နေအိမ်တွင် နေထိုင်သော မိသားစုသည်နေရာပြောင်းရွေ့နေထိုင်ခဲ့ကြကာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းသိရသည်။

သံတောင်ကြီး(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.