ဧရာဝတီတိုင်းဒေသကြီးတွင် ဇွန်လအတွင်း သွေးလွန်တုပ်ကွေးကြောင့် (၉)ဦးသေဆုံး


ဧရာဝတီတိုင်းဒေသကြီးတွင်ဇွန်လအတွင်းသွေးလွန်တုပ်ကွေးဖြစ်ပွားသူ(၆၁၁)ဦးရှိနေပြီး (၉)ဦးသေဆုံးခဲ့ ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရှိရသည်။သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများတွင် ဇွန် ၁ ရက်မှ ၂၀ရက်အထိကျေးလက်ဒေသတွင်ဖြစ်ပွားသူ(၄၅၁)ဦးအ နက် (၈)ဦးသေဆုံးခဲ့ပြီး မြို့ပြဒေသများတွင်(၁၆၀)ဦးဖြစ်ပွားခဲ့ကာ (၁)ဦးသေဆုံးခဲ့သဖြင့် ကျေးလက်ဒေသတွင် ဖြစ်ပွားမှုနှင့်သေဆုံးမှု ပိုမိုများပြားနေကြောင်း ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်း များအရ သိရသည်။
“ခပ်ပေါ့ပေါ့ထားလို့မရပါဘူး။ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ တစ်အိမ်ထောင်လှုပ်ရှားမှုတွေကို လူထုကပါ ပါဝင် ပူးပေါင်းပြီး လုပ်ဆောင်ဖို့လိုနေပါပြီ။”ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခုနှစ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းအများဆုံးမြို့များမှာ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဟင်္သာတ၊ ဝါးခယ်မနှင့် လပွတ္တာမြို့များဖြစ်ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ယောက်ျားလေး (၃၀၉)ဦးတွင် (၂)ဦးသေဆုံးခဲ့ကာ မိန်းကလေး(၃၀၂)ဦးတွင် (၇)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖြစ်ပွားမှုနှုန်းအများဆုံးအသက်အရွယ်မှာ (၅)နှစ်မှ (၇)နှစ်ကြားဖြစ်ပြီး ဒုတိယဖြစ်ပွားမှုနှုန်းအများဆုံး အသက်အရွယ်များမှာ (၁)နှစ်မှ (၄)နှစ်ကြားနှင့် (၁၀)နှစ်မှ (၁၄)နှစ်ကြားအရွယ်များဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှရရှိသည့် စာရင်းများအရ သိရသည်။
“ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေအရ ဒီနှစ်မှာပိုဖြစ်မယ်လို့ ကြိုတင်ခန့်မှန်းထားတယ်။ ကျေးလက်တွေမှာက လူနေမှုနိမ့်ကျတာကလည်း ဖြစ်ပွားမှုနှုန်းပိုများစေတဲ့ အချက်တစ်ခုပဲ။ အိပ်ရင် ခြင်ထောင်မထောင်တာတွေ လုံ လုံခြုံခြုံမအိပ်စက်တာတွေ ရှိတယ်။ မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေမှာလည်း မိုးကျတာနဲ့ မြောင်းထဲကရေ တွေ မစီးဘူး။ အိမ်တွေထဲမှာ ရေတွေပြည့်နေပြီ။ ရေအိုင်ကြီးတွေ ဖြစ်နေပြီ။ ဒီလိုသာဆို သွေးလွန်တုပ်ကွေးဖြစ် ပွားမှုနှုန်းက များနေဦးမှာပဲ။”ဟု ပုသိမ်မြို့အခြေစိုက် Future Green လူမှုကူညီရေးအဖွဲ့မှ ဦးမြင့်ဌေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းသွေးလွန်တုပ်ကွေးရောဂါခံစားရသူအရေအတွက်မှာ နှစ်စဉ်များပြားနေပြီး ၂၀၁၃ ခုနှစ်တွင် (၂၀၀၀)ဦး၊ ၂၀၁၄ ခုနှစ်တွင် (၁၈၀၀)ဦး၊ ၂၀၁၅ ခုနှစ်တွင် (၆၄၂၃)ဦး၊ ၂၀၁၆ ခုနှစ်တွင် (၈၄၃)ဦးဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏စာရင်းများအရ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.