တနိုင်းဒေသမှ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ခန့် ခန္တီးမြို့သို့ ထပ်ရောက်


တနိုင်းမြို့နယ်ကနေ စစ်ဘေးရှောင်ပြည်သူ ၃၀၀ လောက် ခန္တီးမြို့ကို ဒီနေ့(ဇွန်လ ၁၅ရက်) ညနေ လေးနာရီခွဲလောက်မှာ ထပ်ရောက်လာပါတယ်။

ဒီလ ၁၃ ရက် နဲ့ ၁၄ ရက်ကလည်း စစ်ဘေးရှောင် ပြည်သူ ၈၀၀ လောက် ခန္တီးကိုရောက်လာပါတယ်။

''နောက်ထပ်လဲ ဆက်ရောက်ဦးမယ် ။ လူတွေ အများကြီး ကျန်သေးတယ်'' လို့ ခန္တီးဒေသခံ ကိုအောင်မျိုးက မုံရွာဂေဇက်ကို ပြောပါတယ်။

တနိုင်းကနေ ခန္တီးကို ချင်းတွင်းရေကြောင်းကသာ သွားလာလို့ရပြီး စက်လှေတစ်စီးမှာ လူ ၃၀၀ ကျော် လောက် ပါတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်လာတဲ့သူတွေထဲမှာ ကျောင်းသား ၂၀၀ လောက်ပါတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မကြီးပိုး
Monywa Gazette
https://www.facebook.com/monywagazette/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.