ပုဒ်မ ၆၆(ဃ) ကို မုံရွာမှာ ကန့်ကွက်ဆန္ဒပြ



(စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အခြေစိုက် သတင်းသမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို မုံရွာမြို့မှာ ဇွန်လ ၁၈ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အခြေစိုက် သတင်းသမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို မုံရွာမြို့မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဟာ မီဒီယာသမားတွေနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို အဓိက ပစ်မှတ်ထားတဲ့ ပုဒ်မ တစ်ခုဖြစ်နေတဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ မုံရွာမြို့ အခြေစိုက် အရပ်ဘက်အဖွဲ့ဖြစ်တဲ့ ချင်းတွင်း အင်စတီကျူ့က ကိုကျော်မိုးလှိုင်က ပြောပါတယ်။

ဆန္ဒပြသူ တစ်ရာခန့်ဟာ ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် ရရှိရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို သတင်းမီဒီယာသမားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး ပူးပေါင်းလှုပ်ရှားမှုအဖွဲ့(မုံရွာ)က ဦးဆောင်တာ ဖြစ်ပါတယ်။

ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခံရတဲ့အမှု ၇ဝ ကျော်ရှိနေပြီး မုံရွာမြို့မှာ ၃ မှု ရှိနေပါတယ်။

Photo: Aung Ko Latt (facebook)
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.