အီရန် တိုက်ခိုက်မှု ဆော်ဒီနဲ့ အမေရိကန် ပါတယ်လို့ အီရန်စွပ်စွဲ

ပါလီမန်တဝိုက် နာရီအတန်ကြာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်အပြီး သေနတ်သမား အားလုံးကို ချေမှုန်းနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေပြော
အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ ရှိတဲ့ ပါလီမန်အဆောက်အအုံနဲ့ အီရန်ခေါင်းဆောင် အယာတိုလာ ခိုမေနီရဲ့ ဂူဗိမာန်ကို တိုက်ခိုက်ခဲ့မှုတွေမှာ ဆော်ဒီ အာရေဗျနဲ့ အမေရိကန်တို့ ပါဝင်ပတ်သက်နေတယ် ဆိုပြီး အီရန် လက်ရွေးစင် တပ်ဖွဲ့က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဆော်ဒီ အာရေဗျနိုင်ငံက ဒီတိုက်ခိုက်မှုမှာ သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

IS အစ္စလာမစ်နိုင်ငံ အဖွဲ့ကတော့ သူတို့ လက်ချက်လို့ ပြောပါတယ်။

အီရန်ထောက်လှမ်းရေး ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ်တဦးက အစိုးရ ရုပ်မြင်သံကြားကို ပြောရာမှာတော့ အဲဒီသေနတ်သမားတွေကို အီရန်နိုင်ငံတွင်းမှာ ရှိတဲ့ IS လက်နက်ကိုင်တွေက ခန့်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့သူ ၁၂ဦးအတွက် ဝမ်းနည်းကြောင်း သမ္မတထရမ့်က ထုတ်ဖော်ပြောခဲ့ပေမယ့် တချိန်တည်းမှာ အကြမ်းဖက်ဝါဒကို အားပေး အားမြှောက်လုပ်တဲ့ နိုင်ငံတွေအနေနဲ့ ဒီအကြမ်းဖက်ဝါဒကြောင့်ပဲ ကိုယ်ပြန်ထိခိုက်ခံရမယ့် အန္တရာယ် ရှိနေတယ်လို့ သတိပေး ပြောသွားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.