လက်နက်ကိုင် ၃ ယောက်ကို အသေဖမ်းမိကြောင်း အစိုးရထုတ်ပြန်



သင်တန်းသုံး သစ်သားသေနတ်တွေ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တော ဒေသက မေယု တောင်ကြောပေါ်မှာ အကြမ်းဖက် သင်တန်း ပေးနေတယ် ဆိုတဲ့ အထောက် အထားတွေ တွေ့ထားရတယ်လို့ အစိုးရက ထုတ်ပြန် ပါတယ်။

အခု ရက်ပိုင်းတွေ အတွင်း အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေ ရှင်းလင်းရေး လုပ်ဆောင် ခဲ့တာမှာ လက်နက်ကိုင်ဆောင်ပြီး ရန်ပြု လာသူ ၃ ယောက်ကိုလည်း အသေ ဖမ်းဆီး မိခဲ့တယ် လို့ ဆိုပါတယ်။

အကြမ်းဖက် သင်တန်း အဖြစ် အသုံးပြုနေတဲ့ လှိုဏ်ခေါင်း အပါအဝင် လူနေတဲတွေ၊ လက်လုပ် သေနတ်တွေ၊ စားနပ်ရိက္ခာ သိုလှောင် ထားတာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ဘူးသီးတောင် မြို့နယ်ထဲက တင်ဆက် ဆိုတဲ့ ရွာမှာ လက်နက်ကိုင်တွေ ဝင်နေတယ် ဆိုတဲ့ သတင်းကြောင့် ဇွန်လ ၂၁ ရက် နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သွားရောက် ရှင်းလင်း ခဲ့တာမှာတော့ လုပ်သေနတ်လို့ ယူဆ ရတဲ့ စတီးပိုက် ကိုင်ထားတဲ့ သူ တစ်ယောက် အပြင်၊ တုတ်၊ ဓား လက်နက်တွေ ကိုင်ထားသူ ၁၅ ယောက် ဝန်းကျင်ဟာ မေယု တောင်ကြောပေါ် တက်ပြေး သွားတယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန် ထားပါတယ်။

အကြမ်းဖက် သင်တန်းဆင်းလို့ ယူဆရတဲ့ အဘူဆွေယော့ ၂၈ နှစ် ပါ ၅ ယောက်ကို တင်ဆက်ရွာ ကန ဖမ်းဆီး စစ်ဆေးနေတယ်လို့လည်း ထုတ်ဖော် ပြောဆို ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.