မြန်မာအတွက် တရုတ် ဂျက်တိုက်လေယာဉ်တွေ တရုတ်မှာ စမ်းသပ်ပျံသန်း


မြန်မာနိုင်ငံ လေတပ်အတွက် ပါကစ္စတန် လေယာဉ် ကုမ္ပဏီက ပထမဦးဆုံး ထုတ်လုပ်တဲ့ JF-17 Thunder FC-1 အမျိုးအစား ဂျက်တိုက်လေယာဉ်တွေ စမ်းသပ် ပျံသန်းနေတာကို တရုတ်အွန်လိုင်း မီဒီယာမှာ တွေ့ရတယ်လို့ ကာကွယ်ရေး သတင်းတွေကို ရေးသားနေတဲ့ James.com ကဖေါ်ပြပါတယ်။

တရုတ်နိုင်ငံ ချန်ဒူး လေယာဉ်ကွင်းမှာ ဒီ JF 17 လေယာဉ် စမ်းသပ်ပျံသန်းနေပုံကို ဇွန်လ ၁၃ ရက်နေ့ ကဖေါ်ပြခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တစင်းကို အမေရိကန် ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိတဲ့ ဒီလေယာဉ်မျိုး ၁၆ စီး ၀ယ်ယူဖို့ မြန်မာနိုင်ငံဟာ ၂၀၁၆ ခုနှစ် အစောပိုင်းမှာ သဘောတူ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်တယ်လို့ သံတမန်တွေကို ကိုးကားပြီး ဖေါ်ပြထားပါတယ်။

ဒီလေယာဉ် ထုတ်လုပ်တဲ့ CAC ကုမ္ပဏီရဲ့မိခင် ကုမ္ပဏီ ဖြစ်တဲ့ တရုတ်နိုင်ငံ ပိုင် AVIC ကုမ္ပဏီဟာ မြန်မာလေတပ်က လေယောဉ်ဟောင်း တွေကို ဒီလေယာဉ်သစ်တွေနဲ့ အစားထိုး နိုင်ဖို့ နည်းပညာ အထောက်အပံ့ တွေလည်း ပေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ တရုတ် - ပါကစ္စတန်လုပ် ပူးတွဲ တိုက်လေယာဉ်တွေကို ၀ယ်ယူတဲ့ ပထမဦးဆုံး ဖေါက်သည် နိုင်ငံလည်း ဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.