မြိတ်တွင် ကိုယ်ဝန်ဆောင်ထံမှ စစ်ယူနီဖောင်းဝတ်ဆင်သူက ပစ္စည်းခိုးယူ (ရုပ်-သံ)


တနင်္သာရီတိုင်း မြိတ်မြို့ပြည်သူ့ဆေးရုံကြီး မိခင်နှင့်ကလေးကုသဆောင်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးထံမှ စစ်ယူနီဖောင်းဝတ်ထားတဲ့ အမည်မသိအမျိုးသားတဦးက ငွေကြေးနဲ့ လက်ဝတ်ရတနာတချို့ကို ခိုးယူမှုတခု ဇွန် ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ မြိတ်မြို့မ ရဲစခန်းရုံးက ပြောပါတယ်။

မြိတ်မြို့မရဲစခန်းရုံးမှ စခန်းမှူး မြင့်လွင်က “လက်ရှိက စစ်ယူနီဖောင်း ဝတ်ဆင်တဲ့ အမည်မသိအမျိုးသားတဦးကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ လောလောဆယ်တော့ တပ်မတော်သားတဦးဖြစ်ကြောင်းကို အတည်ပြုလို့ မရသေးပါဘူး။ ကျနော်တို့ ရဲတပ်ဖွဲ့ ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့ရှာဖွေနေပါတယ်” လို့ ပြောပါတယ်။

ကိုယ်ဝန်ဆောင် ဒေါ်ဇာဇာပန်းဟာ ဆေးရုံအပေါ်ထပ်ရှိ သားဖွားခန်းမှာ အိပ်ပျော်နေချိန် စစ်ယူနီဖောင်းဝတ်သူက လာရောက် ခိုးယူသွားခဲ့တာလို့ စီစီတီဗွီ မှတ်တမ်းအရ သိရတာဖြစ်ပါတယ်။

မြန်မာကျပ်ငွေ ၁၁၆၀၀၀ ကျပ်နဲ့ တစ်မူးသားလောက်ရှိတဲ့ ရွှေလက်စွပ် ၁ ကွင်း အပါဝင် အမျိုးသမီး လက်ကိုင်အိတ် ၁ လုံး ခိုးခံရတယ်လို့ ဒေါ်ဇာဇာပန်းက ပြောပါတယ်။ သူက ပစ္စည်းပျောက်ဆုံးမှုအတွက် မြိတ်မြို့မရဲစခန်းမှာ ခိုးမှုနဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-ဇော်ဇော် (မြိတ်)

===========

DVB TV News

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.