အယ်ဒီတာချုပ်ဦးကျော်မင်းဆွေကို အာမ,ခံ မပေး



(The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ နဲ့  ကလောင်ရှင် ဗြိတိသျှ ကိုကိုမောင်ကို ဗဟန်းတရားရုံးမှာ ဇွန်လ ၁၆ ရက်နေ့ က ရုံးထုတ်လာစဉ်) Photo: Aung Thain Kha/RFA
The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို အာမ,ခံ ပယ်ချလိုက်ပြီး ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်ကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တရားရုံးက တရားသေလွှတ်ပေးလိုက်ပါတယ်။

ဗြိတိသျှကိုကိုမောင်ဟာ သရော်စာကိုရေးသားခဲ့တာပဲရှိပြီး လူမှုကွန်ရက်ပေါ်မှာ ဖြန့်ချီခဲ့တာ မဟုတ်တဲ့အတွက် တရားသေလွှတ်တာဖြစ်တယ်လို့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့်ကပြောပါတယ်။

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမ,ခံ ထပ်မံလျှောက်ထားမှုမှာတော့ တရားရုံးကိုတင်ပြတဲ့ ဆေးစာဟာ ပြင်ပဆေးစာဖြစ်နေတဲ့အတွက် တရားမဝင်လို့ဆိုပြီး အာမ,ခံ ကိုထပ်မံပယ်ချလိုက်တာ လို့ ပြောပါတယ်။
ဦးကျော်မင်းဆွေ နောက်ထပ်ရုံးချိန်းကို လာမယ့် ၂၃ ရက်နေ့မှာ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

မတ်လ ၂၆ ရက်နေ့ထုတ်The Voeice နေ့စဉ်သတင်းစာမှာ ကလောင်ရှင် ဗြိတိသျှကိုကိုမောင် ရေးသားတဲ့ ကျည်ထောင်စုသစ္စာ ဆိုတဲ့သရော်စာကို ဖော်ပြခဲ့တဲ့အတွက် တပ်မတော်က ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ကလောင်ရှင် ဗြိတိသျှကိုကိုမောင် တို့ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.