တစ်ကိုယ်တော် မိုင်တစ်ထောင်ခရီးလမ်းလျှောက်သူ ၈ ရက်အကြာတွင် နေပြည်တော်သို့ ရောက်ရှိ


နေပြည်တော် ဇွန် ၂၀

ပြင်ဦးလွင်မှ ရန်ကုန်သို့ အသွားအပြန် မိုင်တစ်ထောင်ခရီးလမ်းလျှောက်သူ ကိုကျော်ကျော်ဝင်းသည် ရမည်းသင်းမြို့နယ် ရွှေဒါးကျေးရွာမှာတစ်ဆင့် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့သို့ ဇွန် ၂၀ ရက် ညနေပိုင်းတွင် ရောက်ရှိသည်။

၂၀၁၇ ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ဂုဏ်ပြုကြိုဆိုခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ၀ိုင်းဝန်းဆောင်ရွက်နိုင်ကြစေရန် နှိုးဆော်ခြင်းနှင့် လူငယ်လူရွယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု ကင်းစင်ရေးကို ရည်ရွယ်၍ တစ်ကိုယ်တော် မိုင်တစ်ထောင်ခရီး လမ်းလျှောက်လာသော ကိုကျော်ကျော်ဝင်း(၄၆နှစ်)သည် ဇွန် ၁၂ ရက် နံနက် ၇ နာရီတွင် ပြင်ဦးလွင်မြို့နယ်မှ စတင်ထွက်ခွာလာခဲ့ပြီး ၈ ရက်အကြာတွင် နေပြည်တော် တပ်ကုန်းမြို့နယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

၎င်းသည် ရမည်းသင်းမြို့နယ်ရွှေဒါးကျေးရွာမှ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ဆက်လက်ထွက်ခွာလာရာ မွန်းတည့် ၁၂ နာရီတွင် တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာသို့ ရောက်ရှိကာ ခေတ္တရပ်နားပြီး ထွက်ခွာလာရာ ညနေပိုင်း တွင် တပ်ကုန်းမြို့သို့ ရောက်ရှိလာသည်။

ပြင်ဦးလွင်မြို့တွင် နေထိုင်ပြီး ဆေးမှုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုကျော်ကျော်ဝင်းက တစ်ကိုယ်တော် လမ်းလျှောက်လှုပ်ရှားမှုနှင့်ပတ်သက်၍ ပြောကြားရာ “ကျွန်တော့်ကျန်းမာရေးအခြေအနေအရကြည့်ပြီးတော့ ရန်ကုန်အထိ ဆက်လျှောက်သွားမှာပါ။ တစ်နာရီကို ငါးမိုင်နှုန်းလောက်နဲ့ လျှောက်လာတာ ခုဆိုတော်တော်လေး ခရီးပေါက်နေပါပြီ။ အရင် ၁၉၉၃-၉၄ခုနှစ်လောက်ကတော့ စက်ဘီးစီး အားကစားသမား ဖြစ်ခဲ့ဖူးပါတယ်။ နားထားတာကတော့ ၁၅ နှစ်လောက်ရှိပါပြီ။ အခုကထပ်ပြီး လှုပ်ရှားမှုတစ်ခုအနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်က ကျော်ကြားချင်လို့ အခု လိုလုပ်တာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် နိုင်ငံတော်ကလည်း ထင်ထားတာထက်ပိုပြီးတော့ အကူအညီပေးတယ်ဆိုတော့ ဂုဏ်ယူပါတယ်။ ဒီလှုပ်ရှားမှုပြီးရင်တော့ နောက်ထပ် လှုပ်ရှားမှုနှစ်ခုလောက်ထပ်ပြီး လုပ်ဆောင် သွားဖို့ ရည်ရွယ်ထားပါတယ်။”ဟုဆိုသည်။

ပြင်ဦးလွင် - ရန်ကုန် အသွားအပြန် တစ်ကိုယ်တော်မိုင်တစ်ထောင်ခရီးလမ်းလျှောက်သူ ကိုကျော်ကျော်ဝင်းမှာ ပြင်ဦးလွင်မှ ပုသိမ်ကြီး၊ မန္တလေး၊ တံတားဦး၊ စဥ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သား၊ ကူမဲ၊ မိတ္ထီလာ၊ပျော်ဘွယ်၊ရမည်းသင်း မြို့များကို ၈ရက်အကြာ ဖြတ်ကျော်လမ်းလျှောက်လာခဲ့ရာ တပ်ကုန်းမြို့သို့ ရောက်ရှိပြီး ညအိပ်ရပ်နားကာ နံနက်ပိုင်းတွင် ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ - သီဟစည်သူ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.