ကွယ်လွန်သူ အီရန်နိုင်ငံခေါင်းဆောင်(ဟောင်း) ၏ ဂူဗိမာန်တွင် ပစ်ခတ်မှုဖြစ်ပွား ၂ ဦးဒဏ်ရာရ



ကွယ်လွန်သူ အီရန်နိုင်ငံ ခေါင်းဆောင်(ဟောင်း) အယာတိုလာခိုမေနီ ဂူဗိမာန် အပြင်ဘက်၌ သေနတ်သမားတစ်ဦးအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    တီဟီရန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

    အီရန်နိုင်ငံ တောင်ပိုင်း တီဟီရန်မြို့ ၌ အီရန် အစ္စလမ်မစ်နိုင်ငံကို စတင်တည်ထောင်ခဲ့သူ နှင့် ကွယ်လွန်သူ အီရန်နိုင်ငံခေါင်းဆောင်(ဟောင်း) အယာတိုလာခိုမေနီ၏ ဂူဗိမာန်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင် IRIB ရုပ်သံသတင်းဌာနက ဇွန်လ ၇ ရက်တွင် ဖော်ပြခဲ့သည်။

ထို့ ပြင် တီဟီရန်မြို့ ရှိ အီရန်ပါလီမန်အဆောက်အအုံ(Majlis) အတွင်း ဇွန်လ ၇ ရက်၌ပင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လုံခြုံရေးဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း IRIB ရုပ်သံက ဆက်လက်ဖော်ပြခဲ့သည်။

လက်နက်ကိုင်ဆောင်ထားသူ သုံး ဦးသည် နံနက် အစောပိုင်းတွင် Majils ပါလီမန်အဆောက်အအုံထဲသို့ ဝင်ရောက်ခဲ့ပြီး စတင်ပစ်ခတ်ခဲ့ကြောင်း အီရန်နိုင်ငံလွှတ်တော်အမတ် Elias Hazrati က IRIB သတင်းဌာနသို့ ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.