အိန္ဒိယအမျိုးသမီးတစ်ဦးကို လူ(၃)ဦးက ကားနဲ့ပြန်ပေးဆွဲကာ၊ အဖွဲ့လိုက်အဓမ္မပြုကျင့်ခဲ့


အိန္ဒိယနိုင်ငံရဲ့မြို့တော်အနီးမှာကားတစ်စီးနဲ့လာတဲ့အမျိုးသား(၃)ဦးကအသက်(၃၅)နှစ်အရွယ်အိန္ဒိယအမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲခဲ့ကာအဖွဲ့လိုက်အဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံနယူးဒေလီမြို့တော်မှ(၃၀)ကီလို မီတာအကွာရှိSohna(ဆိုနာ)မြို့လေးရဲ့လမ်းပေါ်ရှိ ကားပေါ်မှ အမျိုးသား(၃)ဦးဟာဒေသစံတော်ချိန်ည(၈)နာရီခွဲအချိန်မှာအိန္ဒိယအမျိုးသမီးတစ်ဦးကိုကားထဲကို ဆွဲခေါ်ကာ အဓမ္မပြုကျင့်ခဲ့တဲ့အတွက် အဆိုပါအမျိုးသမီးမှ ရဲကိုပြန်ပေးဆွဲမှုနဲ့တိုင်ကြားခဲ့ပါတယ်။

တရားခံအမျိုးသား(၃)ဦးဟာအဆိုပါအမျိုးသမီးကိုကားနဲ့(၄)နာရီကြာခေါ်ဆောင်သွားခဲ့ပြီးနောက်အဖွဲ့လိုက်အဓမ္မပြုကျင့်ခဲ့ပြီးဇွန်လ(၂၀)ရက်နေ့နံနက်အစောပိုင်းမှာUttar Pradesh (ဥတ္တာပရာဒက်ရှ်)ပြည်နယ် မြောက်ဘက်Greater Noida (ဂရိတ်တာနိုအီဒါ)ဆေးရုံအနီးမှာပစ်ချထားခဲ့တယ်လို့သိရပါတယ်။

အဆိုပါအမျိုးသမီးဟာဇွန်လ(၂၀)ရက်နေ့နံနက်ပိုင်းမှာဆေးရုံအနီးကလမ်းပေါ်မှာလဲကျနေတာကိုသတိပြုမိတဲ့သူတွေကရဲကိုအကြောင်းကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။Noida(နိုအီဒါ)ရဲတွေကိုအဲ့ဒီအဖွဲ့နဲ့ပတ်သက်တဲ့သတင်းတွေစုံစမ်းစစ်ဆေးဖို့အတွက် Sohna(ဆိုနာ)မြို့ကိုစေလွှတ်ခဲ့တယ်လို့Greater Noida(ဂရိတ်တာနိုအီဒါ)ရဲ့ရဲချုပ်Love Kumar(လပ်ဗ်ကူးမား)က မီဒီယာကိုပြောကြားခဲ့ကြောင်းစင်ဟွာသတင်းမှာဖော်ပြထားပါတယ်။

(သဲဆုအောင်)
Central News Bureau
https://www.facebook.com/skynetcnb/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.