ပျက်ကျလေယာဉ် ရှာဖွေကယ်ဆယ်ရေး တရုတ်ကူညီထောက်ပံ့မည်


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တနင်္သာရီကမ်းရိုးတန်းမှာ ပျက်ကျသွားခဲ့တဲ့ မြန်မာ့တပ်မတော်လေယာဉ် နောက်ဆက်တွဲ ရှာဖွေကယ်ဆယ်ရေး တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက အကူအညီ အထောက်အပံ့တွေ ပေးသွားမယ်လို့ ကမ်းလှမ်းလိုက်တယ်လို့ တရုတ်အစိုးရပိုင် မီဒီယာက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်ဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့လည်း ဒီဖြစ်ရပ်အပေါ်မှာ စိတ်မကောင်းဖြစ်မိကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတ ဦးထင်ကျော်ကို ၀မ်းနည်းကြောင့် ပြောကြားတဲ့စာထဲမှာ ဖော်ပြထားတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းအေဂျင်စီက သောကြာနေ့ နှောင်းပိုင်းက ပြောကြားလိုက်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ သေဆုံးသွားတဲ့သူတွေအတွက် ၀မ်းနည်းမိသလို၊၊ အထူးသဖြင့် မိသားစုဝင်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ရှင်ဟွာသတင်းအေဂျင်စီက ပြောပါတယ်။

တရုတ်နိုင်ငံလုပ် Y-8-200F အမျိုးအစား ပို့ဆောင်ရေးလေယာဉ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထားဝယ်မြို့အနောက်တောင်ဘက် ၄၃ မိုင်အကွာ ပင်လယ်ပြင်ထဲမှာ မျက်ကျသွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ မြန်မာ့တပ်မတော်က စစ်သည်တွေ ၊ မိသားစုဝင်တွေ နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၂ ယောက်ပါသွားတာဖြစ်ပါတယ်။

အခုချိန်ထိ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပြီး၊ ပင်လယ်ထဲကနေ ရုပ်အလောင်း ၃၂ လောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာ့တပ်မတော်ဘက်က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.