ပျက်ကျလေယာဉ် အစိတ်အပိုင်းတွေ တွေ့ရှိ



Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ပျက်ကျခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y – 8 ရဲ့ အစိတ်အပိုင်းတွေကို ဒီကနေ့ ညနေပိုင်းမှာ စတင် ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ပါတယ်။

ထားဝယ်မြင်းခွာအော် အနီးမှာ ပျက်ကျလေယာဉ်ရဲ့ အမြီးပိုင်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပျက်ကျလေယာဉ်မှာ လိုက်ပါသွားသူ တွေထဲက ရုပ်အလောင်း ၉ဝ ကို ပြန်လည်ရှာဖွေတွေ့ရှိထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

မနေ့ကအထိ ရုပ်အလောင်း ၈၇ လောင်းကို ရှာဖွေတွေ့ရှိထားတာဖြစ်ပြီး မောင်းမကန်- မရင်းကြီး ကမ်းခြေ တစ်လျှောက်မှာ ရှာဖွေရေးလုပ်နေတဲ့အဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ နောက်ထပ် ရုပ်အလောင်း ၃လောင်းကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရှာဖွေရေးလုပ်ဆောင်နေတဲ့ ဒေသခံငါးဖမ်းစက်လှေ ၃ စီးက လောင်းလုံဘုတ်ကျွန်းရဲ့ တောင်ဘက် ရေမိုင် ၁ဝ မိုင်ခန့်အကွာမှာ ခရီးဆောင်အိတ် ၁ လုံး၊ အရာရှိစိစစ်ရေးကဒ် ၁ ကဒ်၊ မှတ်ပုံတင် ၂ ကဒ် အပါအ၀င် အဝတ်အထည် အသုံးအဆောင်ပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေနဲ့ ငွေစက္ကူတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Y-8 တပ်မတော်ပို့ဆောင်ရေးလေယာဉ်မှာ လေယာဉ်အမှုထမ်း၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် စုစုပေါင်း ၁၂၂ ဦး လိုက်ပါသွားခဲ့တာဖြစ်ပြီး ဇွန်လ ၇ ရက်နေ့ နေ့လည်ပိုင်းက မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာစဉ် ထားဝယ်မြို့အနောက်တောင်ဘက် ၄၃ မိုင်အကွာမှာ အဆက်အသွယ်ပြတ်တောက်သွားပြီးနောက်ပိုင်း ပျက်ကျ ကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြန်လည်တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေထဲက ရုပ်မည်ခွဲခြားမှုပြုလုပ်နိုင်ခဲ့တဲ့ ရုပ်အလောင်း ၈၉ လောင်းကို သဂြိင်္ုလ်ပေးခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.