အမေရိကန်က ကိုးရီးယားကျွှန်းဆွယ်သို့ ဗုံးကြဲလေယာဉ်များစေလွှတ်


မြောက်ကိုရီးယားနိုင်ငံကို အင် အားပြသသည့်အနေဖြင့် ကိုရီးယား ကျွန်းဆွယ်ဒေသသို့ မဟာဗျူဟာ မြောက် ဗုံးကြဲလေယာဉ်နှစ်စင်းကို အမေရိကန်နိုင်ငံက စေလွှတ်ခဲ့ ကြောင်း အေပီသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ၁၇လကြာ အဖမ်းခံခဲ့ရပြီး နောက် မြောက်ကိုရီးယားအစိုးရက ယခုလအတွင်း ပြန်လွှတ်ပေးခဲ့ သော အမေရိကန်ကောလိပ်ကျောင်း သားတစ်ဦး ဦးနှောက်သေမေ့မြော ဝေဒနာဖြင့် သေဆုံးခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက ကိုရီး ယားကျွန်းဆွယ်ဒေသသို့ ဘီ-၁ဘီ အမျိုးအစား မဟာဗျူဟာဗုံးကြဲလေ ယာဉ်နှစ်စင်း စေလွှတ်ခဲ့ခြင်းဖြစ် သည်။

 မြောက်ကိုရီးယားနိုင်ငံနှင့် ရန် လိုတင်းမာမှုများ မြင့်တက်လာချိန် တိုင်း အမေရိကန်ပြည်ထောင်စု သည် ကိုရီးယားကျွန်းဆွယ်ဒေသသို့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ စေလွှတ်ပျံသန်း၍ အင်အားပြလေ့ ရှိသည်။

ယနေ့ စေလွှတ်လိုက်သော ဘီ-၁ဘီ မဟာဗျူဟာဗုံးကြဲလေ ယာဉ်များသည် တောင်ကိုရီးယား လေတပ်၊ ဂျပန်လေတပ် စစ်လေ ယာဉ်များနှင့် သီးခြားစစ်ရေးလေ့ ကျင့်မှုများပြုလုပ်ခဲ့ကြောင်း အမေ ရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 မြောက်ကိုရီးယားနိုင်ငံ၌ ၁၇ လကြာ အဖမ်းခံထားရပြီး ပြန်လည် လွတ်မြောက်လာသော အော့တို ဝမ်းဘီးယား အမည်ရှိ အသက် ၂၂ အရွယ် အမေရိကန်ကျောင်းသား ဦးနှောက်သေမေ့မြောဝေဒနာဖြင့် ဇွန် ၁၉ရက်က သေဆုံးခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က မြောက်ကိုရီးယားအစိုးရကို ရက်စက်ကြမ်းကြုတ်သည့် အာဏာ ရှင်အစိုးရအဖြစ် ဝေဖန်ခဲ့သည်။

 အော့တိုဝမ်းဘီးယား သေဆုံး မှုသည် အမေရိကန်ပြည်ထောင်စု နှင့် မြောက်ကိုရီးယား ဆက်ဆံရေး အပေါ် ထိခိုက်လာနိုင်ကြောင်း လေ့ လာသူများက သုံးသပ်ထားသည်။အော့တိုဝမ်းဘီးယားသည် မြောက်ကိုရီးယားနိုင်ငံသို့ အလည် အပတ်ရောက်ရှိနေစဉ် ဟိုတယ် တစ်ခုမှ နိုင်ငံရေးပိုစတာစာရွက် များ ခိုးယူမှုဖြင့် ၂ဝ၁၆ခုနှစ် မတ် လက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.