ထိုင်းနိင်ငံတောင်ပိုင်း နယ်စပ်ဂိတ်များအား လုံခြုံရေးအခြေအနေအရ ပိတ်ထား


 June 8 2017

ထိုင်းမလေးနယ်စပ်က နယ်စပ်ဝင်ပေါက် (၆)နေရာကို ထားအာဏာပိုင်တွေက ISIS အစွန်းရောက်အဖွဲ့ တွေ ၀င်ရောက်လာမယ့် အရေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့  အရေးပေါ်ပိတ်ထားပြီး စစ်တပ်တွေ အထူးစောင့်ကြည့်နေ ကြကြောင်း သိရပါတယ်။

ထိုင်းတောင်ပိုင်း နာရာသီဝ ပြည်နယ် ကိုလုပ်မြစ်ဟာ မလေးထိုင်း လူမျိုးတွေ အသွားလာ အသုံးပြုနေကြတဲ့ နယ်စပ်နေရာဖြစ်ပါတယ်။


ခုလို ထိုင်းဘက်က နယ်စပ်ကို ပိတ်လိုက်လို့  Sungai Kolok district စိုင်ကိုင် ကိုလုပ်ခရိုင်အတွင်းက မလေးနယ်ထဲ အလုပ်သွားလုပ်နေကြတဲ့ ထိုင်းနိုင်ငံသား (၅၀၀၀) ကျော် အလုပ်တွေထိခိုက်သွားခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ မလေးနယ်စပ်ကနေ၀င်လာကြမယ့် နိုင်ငံတကာအကြမ်းဖက်သမားတွေသုံးကြမယ့် လမ်းကြောင်းတွေကို ကြိုတင်ပိတ်ခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပါတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ တောင်းပိုင်း မာရ၀ီမြို့ ကို တက်သိမ်းကြတဲ့ အစလာမ်မစ် အစွန်းရောက် သူပုန်တွေမှာ ဖိလစ်ပိုင်နိုင်ငံသားတွေသာမက အင်ဒိုနီးရှား မလေးရှား နိုင်ငံသားတွေ နဲ့ ထိုင်းတောင်းပိုင်းသားတွေပါ ပူးပေါင်းပါဝင်နေတာတွေ့ ရပါတယ်။

SAW
Credit Asia Jack
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.