ဒေါ်အောင်ဆန်းစုကြည် တိုရွန်တို ရောက်ရှိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့သို့ ရောက်ရှိ

(၅-၆-၂၀၁၇ ရက်နေ့၊ တိုရွန်တိုမြို့)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် (၀၉၄၀)နာရီတွင် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ Lester B. Pearson အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကိုရီးယားလေကြောင်းလိုင်းဖြင့် ရောက်ရှိရာ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်၊ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် The Hon. Mr. Bryon Wilfert, P.C., M.A., ICD.D နှင့် တာဝန်ရှိသူများမှ လေဆိပ်တွင် ခရီးဦးကြိုဆိုခဲ့ပါသည်။


ဆက်လက်၍နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လေဆိပ်မှတစ်ဆင့် ညအိပ်တည်းခိုမည့် Fairmont Royal York Hotel သို့ရောက်ရှိရာ ကနေဒါနိုင်ငံရောက် မြန်မာမိသားစုများမှ နွေးထွေးလှိုက်လှဲစွာကြိုဆိုခဲ့ကြကြောင်းသိရှိရပါသည်။

သတင်း-မြန်မာကိုယ်စားလှယ်အဖွဲ့
ဓာတ်ပုံ- သတင်းစဉ်
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.