တာချီလိတ်မြို့ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် အစစ်ဆေးမခံဘဲ ထွက်ပြေးသွားသည့် လက်နက်သယ်ဆောင်သူနှစ်ဦးအား မိုင်းဖြတ်တွင် ဖမ်းဆီးရမိ


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇွန်လ (၂၂)ရက်နေ့ နံနက် (၉)နာရီခန့်က အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသည့် ဆိုင်ကယ်မောင်းနှင်သူ နှစ်ဦးအား လက်နက်၊ကျည်များနှင့်အတူ မိုင်းဖြတ်မြို့၌ နံနက်ပိုင်းမှာပင် ဖမ်းဆီးရမိကြောင်း သိရသည်။


မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသည့် ဆိုင်ကယ် နှစ်စီးအား မိုင်းဖြတ်မြို့တွင် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့က တားဆီး စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်ပြီး အသက် (၁၉)နှစ်ရှိ လော်အဲ နှင့် အသက် (၂၀)အရွယ်ရှိ လော်ဖာ လူငယ်နှစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးအနက် ဆိုင်ကယ် တစ်စီးတွင် ဝှက်၍ သယ်ဆောင်လာသည့် ပစ္စတိုနှစ်လက်နှင့် ကျည် (၃၀)တောင့်တို့အား ရှာဖွေ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ လက်နက်များမှာ တာချီလိတ်မြို့နယ် တောင်သုံးလုံးရွာမှ လော်ရှိုးနှင့် အာကျတို့က ဘတ်ငွေ(၄)သိန်းပေး၍ ကျိုင်းတုံမြို့ နောင်နွန်းပူးပေါင်းဂိတ်အနီးသို့ ဇွန်လ (၂၂)ရက်နေ့တွင် ပို့ဆောင်ခိုင်း၍ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။


လက်နက်များနှင့် လက်ဝယ်တွေ့ရှိသူ လော်အဲနှင့် လော်ဖာတို့နှစ်ဦးအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ) ၈/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်လှစ်ကာ စခန်းမှူး ဒုရဲမှူး ခင်မောင်ဌေးက အမှုစစ်အဖြစ် ဆောင်ရွက်ကာ ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။

သတင်း - ကိုသာ
Tachileik News Agency
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.