ဟုမ္မလင်းရှိ ရွှေမျော လုပ်ကွက်များထံမှ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ငွေများ တောင်းသွား


မုံရွာ ဇွန် ၁၁။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ရှိ ရွှေမျောလုပ်ကွက်များသို့ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ဇွန်လ ၉ ရက်နေ့ ညပိုင်းက လက်နက်များကိုင်ဆောင် ၀င်ရောက်၍ မျောပိုင်ရှင်များထံမှ ငွေများတောင်းခံသွားကြောင်း သတင်းရရှိသည်။

၎င်းညက မိုင်းကိုင်းနယ်မြေ ရဲစခန်းနှင့် လေးမိုင်ခန့်အကွာ ဟဲဖက်ရွာအုပ်စု ချောင်းကြီးရွှေမှော်ရှိ မျောပိုင်ရှင်များထံ SNA တံဆိပ်များ တပ်၍ ပျောက်ကျားဝတ်စုံများ ၀တ်ထားသော လက်နက်ကိုင် ၇ ဦးရောက်လာပြီး ရွှေလုပ်ငန်းရှင် ၂၀ ဦးအား တစ်ဦးလျင်ငွေတစ်သိန်းခွဲနှုန်းပေးရန်တောင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

"အကူညီတောင်းတဲ့ ပုံစံနဲ့ တောင်းသွားတာ။ ဆက်ကြေးသဘောပေါ့။ နဂိုကလည်း ရှိတယ်"ဟု ဟုမ္မလင်းဒေသခံတစ်ဦးက ပြောသည်။

၎င်းရွှေမျောပိုင်ရှင်များမှာ လက်နက်ကိုင်အဖွဲ့များတောင်းသော နှုန်းကို မပေးနိုင်သဖြင့် လတ်တလော ငွေကျပ်ဆယ်သိန်းသာ ပေးနိုင်ကြောင်း ပြောဆိုရာ ငွေများကို ယူဆောင်ထွက်သွားခဲ့ကြသည်ဟု သိရသည်။

၎င်းနောက် ချောင်းကြီးမှော်အနီး ရွှေပွင့်ဖြူအောင်စံ ရွှေတူးဖော်ရေး ကုမ္ပဏီတွင်လည်းလက်နက် သုးံဦးမှ ငွေကျပ် သိန်း ၃၀ တောင်းသော်လည်း ကုမ္ပဏီတာဝန်ခံမှ ငွေကျပ် ၆ သိန်းသာ ပေးနိုင်သဖြင့် ကျန်ငွေများကို နောက်ရက်များတွင် လာရောက်ယူမည်ဟု ပြောဆို ထွက်သွားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့ ဝင်ရောက်မှု သတင်းကို နယ်မြေ ခံ မိုင်းကိုင် ရဲစခန်းမှ မျောပိုင်ရှင်များထံ ကွင်းဆင်းစစ်ဆေး သတင်းအထည်ပြုချက် ရယူခဲ့ပြီး ဖြစ်စဉ်များ မှန်ကန်သဖြင့် နယ်မြေ လုံခြုံရေးများကို ပိုမိုဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

Central News Myanmar
https://www.facebook.com/CNMyanmar
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.