ခေတ်အဆက်ဆက် ခွင့်ပြုခဲ့တဲ့ စီမံ ကိန်းတွေကို တိုင်ကြားလျှင် ပြန်စိ စစ်မည်



စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကို ဇွန်လ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ တွေ့ရစဉ် Photo: Win Naung Toe/RFA
ခေတ်အဆက်ဆက်ခွင့်ပြုထားတဲ့ စီမံကိန်းလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး အများပြည်သူ ထိခိုက်နစ်နာမှုတွေ ရှိကြောင်း တင်ပြလာပါရင် ပြန်လည်စိစစ်သွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း တင်သွင်းထားတဲ့ ပြည်သူတွေလက်မခံတဲ့ နှစ်ရှည်စီမံကိန်းတွေ နဲ့ ခေတ်အဆက်ဆက် အစိုးရတွေက ခွင့်ပြုထားတဲ့လုပ်ငန်းတွေကို ပြန်လည်စိစစ်ပေးဖို့ အစိုးရကို တိုက် တွန်းကြောင်းအဆိုကို ဝန်ကြီးဌာန က ပြန်လည်ရှင်းလင်းရာမှာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အခုလိုပြော ဆိုသွားတာပါ။

ဒါ့အပြင် သတ္တုတူးဖော်ထုတ်လုပ်မှုတွေကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများနဲ့၊ လူမှုစီးပွားဘဝထိခိုက်မှု များရှိလာပါ က ဒေသခံတွေအနေနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို တိုင်ကြားပါက အချိန်နဲ့ တပြေးညီ အရေးယူသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ကျောက်စိမ်း၊ကျောက်မျက် တူးဖော် တဲ့လုပ်တွေကို နှစ်ရှည်မဟုတ်ဘဲ အများဆုံး ၅ နှစ်အထိပဲ လုပ်ကိုင်ခွင့်ပြုထား တယ်လို့လည်း ဒုတိယဝန်ကြီး ပြောပါတယ်။

ဒေါ်မိကွန်ချမ်းတင်သွင်းတဲ့အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စား လှယ် ၁၃ ဦးက အကြံပြုထောက်ခံဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနကလည်း အဆိုကို မှတ်တမ်းတင်ဖို့ ပြောတာကြောင့် ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ မှတ်တမ်းတင်လိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.