ရိုဟင်ဂျာတွေ လမ်းကြောင်းသစ် ရှာဖွေ



ရခိုင်ပြည်နယ်က မွတ်စလင်တွေကို တွေ့ရစဉ်။ Photo: RFA
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတဲ့ မွတ်စလင်ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် အစိုး ရက သူတို့ကို အလုပ်လုပ်ခွင့် မပြုတဲ့အပြင် ဒီရေတက်လေ့ရှိတဲ့ ကျွန်းတစ်ကျွန်းကို ပြောင်းရွှေ့ နေရာချထားဖို့ စီစဉ်နေတဲ့အတွက် တခြားတိုင်းပြည်တွေကို လူကုန်ကူးသမားတွေ အားကိုးပြီး နည်းလမ်းသစ်တွေနဲ့ သွားရောက်နေကြကြောင်း AFP က သတင်းဆောင်းပါးတစ်ပုဒ် မနေ့က ရေးသားလိုက်ပါတယ်။

ရိုဟင်ဂျာတွေဟာ အရင်က မလေးရှားနဲ့ ထိုင်းကို စိတ်ချလုံခြုံမှုမရှိတဲ့ လှေသင်္ဘောတွေနဲ့ သွားရောက်ကြရာကနေ ၂ဝ၁၅ ခုနှစ်မှာ ထိုင်းနဲ့ နိုင်ငံတချို့က အရှိန်အဟုန်နဲ့ တားဆီးပိတ်ဆို့ပြီးနောက် အဲဒီလမ်းကြောင်းအစား တခြားနိုင် ငံတွေကို လေကြောင်းနဲ့ ကုန်းကြောင်းက သွားရောက်နေကြကြောင်း၊ အခုလို သွားရောက်ရာမှာ နိုင်ငံတကာ လူကုန်ကူးအဖွဲ့တွေကို လက်ကိုင်ဖုန်းက ငွေလွှဲပေးတဲ့ ခေတ်မှီစံနစ်ကို အသုံးပြုနေကြောင်းနဲ့ ဆော်ဒီအာရေးဗီး ယားနိုင်ငံမှာ အခုနေထိုင်တဲ့ မိုဟာမက်ဆိုသူ ရိုဟင်ဂျာတစ်ယောက်က သူဟာ ဒီခရီးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူးလက်မှတ်ပြုလုပ်ခ အပါအဝင် ကန် ဒေါ်လာ ၇၇ဝဝ ကုန်ကျခဲ့တယ်လို့ ပြောကြောင်း စသဖြင့် AFP သတင်း မှာ ဖေါ်ပြပါတယ်။

ဒါ့အပြင် အဲဒီလို ငွေကြေးမတတ်နိုင်သူတွေကတော့ ဘတ်စ်ကားနဲ့ ခြေလျှင်ခရီးကနေ အိန္ဒိယ၊ နိပေါနဲ့ ပါကစ္စ တန်နိုင်ငံတွေကို ထွက်ပြေးနေကြရာမှာ တချို့ဆိုရင် စစ်မက်ပဋိပက္ခဖြစ်နေတဲ့ ကက်ရှ်မီးယားဒေသ မှာတောင် သွားရောက်နေထိုင်ကြပြီး လက်ကိုင်မိုဘိုင်းဖုန်းက ငွေလွှဲပေးနိုင်တဲ့စံနစ်ကြောင့် လူကုန်ကူးသမားတွေ စီးပွားဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.