ကိုယ်ဝန်ဆောင်တွေ အာဆင်းနစ် သတိထားပါ


ကိုယ်ဝန်ဆောင်မိခင်တွေဟာ အာဆင်းနစ် ခေါ် စိန်အဆိပ်ဓါတ်သတ္တုအနည်းငယ် ပျော်ဝင်နေတဲ့ ရေကို သောက်သုံးယုံမျှနဲ့ ပုံမှန်ရှိရမယ့်အလေးချိန်ထက်လျှော့နည်းတဲ့ ကလေးတွေနဲ့ မွေးရမယ့်ရက်ထက်စောပြီး မွေးဖွားမှုတွေ ဖြစ်နိုင်ကြောင်း အမေရိကန် သုတေသနပညာရှင်တွေက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

အီလီနွိုင်းတက္ကသိုလ်က လေ့လာသူတွေက အိုဟိုင်းယိုးပြည်နယ်မှာ ပြီးခဲ့တဲ့ ၂ဝဝ၆ ကနေ ၂ဝဝ၈ ခုနှစ်အတွင်း မွေးဖွားတဲ့ကလေး ၄ သိန်းကျော်ကို သုတေသနပြုခဲ့ရာမှာအခုလို တွေ့ရှိခဲ့တာဖြစ်တယ်လို့ မနေ့ကရတဲ့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

အဲဒီ ပြည်နယ်က တချို့ခရှိင်တွေမှာ အိမ်ထောင်စု ၈ဝ% လောက်က ကိုယ်ပိုင်ရေတွင်းတွေရှိတဲ့အတွက် အဆိုပါခရှိုင်တွေကို ရှောင်ရှားပြီး တွင်းရေသောက်သုံးသူ ၂ဝ%ထက်နည်းတဲ့ ခရိုင်တွေမှာပဲ အခုသုတေသနပြုမှုကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အာဆင်းနစ်ဓါတ်ပါဝင်မှုများတဲ့ ရေကိုသောက်သုံးကြတဲ့ တရုတ်၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေမှာ အခုလို မွေးရာပါကလေးချို့တဲ့မှုတွေဖြစ်ပွါးတတ်တာကို အရင်ကာလတွေကတည်းက သိရှိပြီးဖြစ်ပေမယ့် အခုနောက်ဆုံး သုတေသနပြုချက်အရဆိုရင် ရေ တစ်လီတာမှာ အာဆင်းနစ် ၁ဝ မိုက်ကရိုဂရမ်ထက် နည်းပါးတဲ့ရေကို သောက်သုံးယုံမျှနဲ့ အခုလို အချိန်မစေ့မှီနဲ့ အလေးချိန်နည်းတဲ့ ကလေးမွေးဖွားမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ တွေ့ရှိခဲ့တာပါ။

အမေရိကန် အစိုးရ ပတ်ဝန်းကျင် ကာကွယ်ရေးအဖွဲ့ EPA က သောက်သုံးရေမှာ အဲဒီပမာဏထက် မပိုရင် အန္တရယ်ကင်းတယ်လို့ သတ်မှတ်ထားတဲ့အတွက် အခုတွေ့ရှိချက်အရ သက်ဆိုင်ရာ စည်ပင်သာယာက ဖြန့်ဖြူးပေးနေတဲ့ရေကို သောက်သုံးရင်တောင် ကိုယ်ဝန်ဆောင်တွေကို လုံခြုံမှုအပြည့်အဝ မပေးနိုင်ဖူးလို့ ဆိုရမှာဖြစ်ပါတယ်။

ကိုယ်ပိုင်ရေတွင်းတွေကိုမှီခိုသုံးစွဲနေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ သူတို့သောက်သုံးရေမှာ အာဆင်းနစ် စိန်အဆိပ်ဓါတ် ပါဝင်မှုပမာဏကို စစ်ဆေးသင့်တယ်လို့ အမေရိကန်ပညာရှင်တဦးက အကြံပေးပါတယ်။

အခု သုတေသနပြုရာမှာ ကိုယ်ဝန်ဆောင်တွေအနေနဲ့ သာမန်ရေအစား ရေသန့်ဗူးကို သောက်သုံးရင် ပိုပြီးလုံခြုံစိတ်ချရမှာလားဆိုတဲ့အချက်တော့ ပါဝင်ခြင်းမရှိပါဘူး။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.