ပျက်ကျလေယာဉ်မှ အမျိုးသားတစ်ဦး ရုပ်အလောင်း ထပ်မံ ဆယ်ယူရရှိ


 နေပြည်တော်၊ ဇွန် ၉

ယနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် တပ်မတော်စစ်ရေယာဉ်မှ အမျိုးသားရုပ်အလောင်း ၁ လောင်း ထပ်မံဆယ်ယူရရှိပြီး လောင်းလုံမြို့နယ်၊ စန်းလန်းကျေးရွာသို့ ဆက်လက်ပို့ဆောင်လျက်ရှိပါသည်။ ယနေ့အထိ စုစုပေါင်း ရုပ်အလောင်း ၃၂ လောင်း ဆယ်ယူရရှိပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဇွန် ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့်ရှာဖွေခြင်း၊ တပ်မတော်(လေ)မှ ကင်းထောက်လေယာဉ်များဖြင့် ရှာဖွေခြင်းနှင့် ဒေသခံ ငါးဖမ်းစက်လှေများဖြင့် ရှာဖွေခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် တပ်မတော်(ရေ)မှ ရေငုပ်စစ်သည်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.